• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုမှာ ဆန်းသစ်မှု ရှိတဲ့ အပြင် လက်တွေ့ကျ ဆောင်ရွက်မှုလည်း ရှိတယ်

(GMT+08:00) 2018-12-13 09:52:58

ဒီလ ၁၂ ရက်နေ့က တရုတ် အစိုးရဟာ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေးလုပ်ငန်း ပြုလုပ်တဲ့ နှစ် ၄၀ အတွင်း တရုတ် လူ့အခွင့်အရေးလုပ်ငန်း တိုးတက်မှု စက္ကဖြူစာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ စက္ကဖြူစာတမ်းထဲမှာ၊ ပြီးခဲ့တဲ့နှစ် ၄၀ အတွင်း တရုတ်နိုင်ငံမှာ ဖြစ်တည်လာတဲ့ ပြည်သူပြည်သားများကို အမြုတေအဖြစ် ထားတဲ့ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်သစ်များနဲ့ လူ့အခွင့်အရေး ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ ဖေါ်ဆောင်ရေး ဆိုင်ရာ အောင်မြင်မှုများကို ရှင်းလင်း ဖေါ်ပြထားပါတယ်။ စက္ကဖြူစာတမ်းထဲမှာ၊ တရုတ်နိုင်ငံဟာ နိုင်ငံတော်ရဲ့ လက်တွေ့အခြေအနေနဲ့ ကိုက်ညီတဲ့ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို အောင်မြင်စွာ ထူထောင်ပြီ ဖြစ်ပြီး လူသား ယဉ်ကျေးမှု တိုးတက်ရေး သမိုင်းမှာ လူ့အခွင့်အရေးကို အာမခံ ပေးတဲ့ အတွေ့အကြုံသစ်များနဲ့ အံ့ဖွယ်ရာသစ်များကို ဖန်တီးပေးလိုက်တယ်လို့လည်း ရေးသား ဖေါ်ပြထားပါတယ်။

တရုတ်ပြည်ရဲ့ လူ့အခွင့်အရေး အတွေးအခေါ်ကဘာလဲ။ မကြာခင်က ပီကင်းမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း ထုတ်ပြန်ခဲ့တဲ့ နှစ် ၇၀ ပြည့် ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ပြီး၊ ပြည်သူပြည်သားများ ဘဝ ချမ်းမြေ့ခြင်းဟာ အကြီးဆုံးသော လူ့အခွင့်အရေးပဲ ဖြစ်တယ်လို့ ရှင်းလင်း ပြောကြားပါတယ်။

ဆင်းရဲမှု လျှော့ချခြင်းဟာ ကုလသမဂ္ဂရဲ့ ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးရေး အစီအစဉ်ဆိုင်ရာ အရေးအကြီးဆုံးသော ရည်မှန်းချက် ဖြစ်တဲ့အပြင်၊ လူ့အခွင့်အရေးကို ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အရေးကြီး နည်းလမ်းလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ၄၀ အတွင်း တရုတ်နိုင်ငံမှာ လူဦးရေ စုစုပေါင်း သန်း ၈၅၀ ကျော် ဆင်းရဲမှု လျှော့ချပြီး တစ်ကမ္ဘာလုံး ဆင်းရဲမှု လျှော့ချရေး လုပ်ငန်း အပေါ် အကျိုးပြု စွမ်းဆောင်မှုနှုန်းဟာ ၇၀ ရာခိုင်နှုန်းကျော် ရှိခဲ့ပါတယ်။ ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ အောင်မြင်မှုဟာ တရုတ် လူ့အခွင့်အရေး တိုးတက်မှုဆိုင်ရာ အထင်ရှားဆုံးသော အမှတ်အသား ဖြစ်တဲ့အပြင်၊ တရုတ် နိုင်ငံက ကမ္ဘာ့လူ့အခွင့်အရေး လုပ်ငန်းအတွက် အရေးကြီး အကျိုးပြုစွမ်းဆောင်မှုလည်း ဖြစ်ပါတယ်။

စက္ကဖြူစာတမ်းထဲမှာ၊ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့တဲ့ နှစ် ၄၀ အတွင်း၊ တရုတ်နိုင်ငံမှာ ပြည်သူများကို အမြုတေအဖြစ် ထားပြီး၊ အသက်ရှင် နေထိုင်ခွင့်ကို အဓိကအဖြစ် ထားသည့် အခြေခံ လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ဆိုင်ရာ ဘက်စုံ ဥပဒေ စိုးမိုးရေးကို နည်းလမ်း အဖြစ်ထားပြီး လူ့အခွင့်အရေး ကဏ္ဍစုံ တိုးတက်ရေးကို ရည်မှန်းချက်အဖြစ် ထားသည့် လူ့အခွင့်အရေး တိုးတက်ရေး အတွေးအခေါ်သစ် ဖြစ်တည် လာပြီ ဖြစ်ကြောင်း ရေးသားဖေါ်ပြထားပါသည်။ (ကျော့)

   Webradio