• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး ပြုလုပ်သည့် နှစ် ၄၀ အတွင်း တရုတ် လူ့အခွင့်အရေးလုပ်ငန်း တိုးတက်မှု စက္ကဖြူစာတမ်း ထုတ်ပြန်

(GMT+08:00) 2018-12-12 12:01:44

တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် ယခုလ ၁၂ ရက်နေ့က ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး ပြုလုပ်သည့် နှစ် ၄၀ အတွင်း တရုတ် လူ့အခွင့်အရေးလုပ်ငန်း တိုးတက်မှု စက္ကဖြူစာတမ်းကို ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာ သတင်း အရ သိရပါသည်။

ယင်း စက္ကဖြူစာတမ်းတွင်၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးသည် တရုတ် ကွန်မြူနစ်ပါတီက ခေတ်သစ်တွင် တရုတ်ပြည်သူပြည်သား တစ်ရပ်လုံးကို ဦးဆောင်ပြီး ပြုလုပ်သော ကြီးမြတ်သည့် အရေးတော်ပုံ ဖြစ်ပြီး ယနေ့ခေတ် တရုတ်နိုင်ငံ ကံကြမ္မာကို အဆုံးအဖြတ် ပေးသည့် သော့ချက်ကျ ဆောင်ရွက်မှု ဖြစ်ကြောင်း၊ ယင်းသည် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် လမ်းကြောင်းကို အောင်မြင်စွာ ဖွင့်လှစ်သည့် အပြင် တရုတ် လူ့အခွင့်အရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍသစ်ကိုလည်း ဖွင့်လှစ် ပေးခဲ့ကြောင်း ရေးသားဖေါ်ပြထားပါသည်။

လွန်ခဲ့သည့် နှစ် ၄၀ အတွင်း တရုတ်နိုင်ငံသည် လူ့အခွင့်အရေး နယ်ပယ်တွင် နိုင်ငံတကာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပြီး ကမ္ဘာ့ လူ့အခွင့်အရေးလုပ်ငန်း တိုးတက်ရေးအတွက် အဆက်မပြတ် အကျိုးပြု စွမ်းဆောင်နေခဲ့ကြောင်း ရေးသားထားပါသည်။

   Webradio