• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာချက် ထုတ်ပြန်ခဲ့သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အစည်းအဝေး ကျင်းပ

(GMT+08:00) 2018-12-11 10:12:07

ဒီဇင်ဘာလ ၁၀ ရက်နေ့သည် ကမ္ဘာ့လူ့အခွင့်အရေးနေ့ ဖြစ်ပါသည်။ တရုတ် လူ့အခွင့်အရေး သုတေသနဌာန၊ တရုတ် လူ့အခွင့်အရေး တိုးတက်ရေး ရန်ပုံငွေအဖွဲ့တို့ ဦးစီး ပြုလုပ်သော ကမ္ဘာ့လူ့အခွင့်အရေး ကြေညာချက် ထုတ်ပြန်ခဲ့သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အစည်းအဝေးကို ၁၀ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင်၊ လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ အတွင်း တရုတ်နိုင်ငံသည် လူ့အခွင့်အရေးကို လေးစား၊ အာမခံပေးရေး နယ်ပယ်တွင် တစ်ကမ္ဘာလုံး အသိအမှတ် ပြုကြသော ကြီးမားသည့် တိုးတက်အောင်မြင်မှုများကို ရရှိသည်ဟု ဖေါ်ပြပါသည်။

အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဟွမ်ခွင်မင်က၊ လွန်ခဲ့သည့် နှစ် ၇၀ အတွင်း၊ တရုတ်နိုင်ငံသည် ပြည်သူပြည်သားများ၏ အသက်ရှင် နေထိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အခွင့်အရေးများကို အာမခံပေးခဲ့ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်း ဆောင်ရွက်ခဲ့သည့် နှစ် ၄၀ အတွင်း တရုတ်လူမျိုး၏ ပျမ်းမျှ ဝင်ငွေမှာ ၂၂့ ၈ ဆ တိုးများ လာပြီး လူ သန်းပေါင်း ၇၄၀ ခန့်သည် ဆင်းရဲမှု လျှော့ချနိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အတိုင်းအတာ အကြီးမားဆုံး၊ လူဦးရေ အများပြားဆုံးသော လူမှုရေးဆိုင်ရာ အာမခံပေးရေးစနစ်ကို တည်ထောင်ပြီ ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာချက်ကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ (ကျော့)

   Webradio