• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အဋ္ဌမအကြိမ်မြောက် တရုတ်-အမေရိကန် တရားရေး နှင့် လူ့အခွင့်အရေး နှီးနှောဖလှယ်ပွဲ ကျင်းပ

(GMT+08:00) 2018-12-07 13:08:05

တရုတ် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ နှင့် အမေရိကန်-တရုတ် ဆက်ဆံရေး ပြည်လုံးဆိုင်ရာ ကော်မတီတို့ ပူးတွဲဦးစီးကျင်းပသော အဋ္ဌမအကြိမ်မြောက် တရုတ်-အမေရိကန် တရားရေး နှင့် လူ့အခွင့်အရေး နှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာလ ၃ရက်နေ့မှ ၅ရက်နေ့အထိ ပီကင်းမြို့၌ ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ  ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ကျန်ကျန့်ကိုက မိန့်ခွန်းပြောကြားခဲ့ရာ၊ လူ့အခွင့်အရေးနယ်ပယ်တွင် တရုတ် နှင့် အမေရိကန်အကြား ကူးလူးဖလှယ်ရေး နှင့် ဆွေးနွေးမှုသည် နှစ်နိုင်ငံ လူ့အခွင့်အရေး လုပ်ငန်းကိုတွန်းအားပေးရန် နှင့် တရုတ်-အမေရိကန်ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန် တမူထူးခြားသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရန်မျှော်လင့် ကြောင်း ဖော်ပြထားပါသည်။

   Webradio