• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိက ကမ္ဘောဒီးယား လူငယ်သမဂ္ဂဥက္ကဋ္ဌ ဟုန်မာနီနှင့် တွေ့ဆုံ

(GMT+08:00) 2018-12-07 13:07:07

တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဒီဇင်ဘာလ ၆ရက်နေ့က ပီကင်းမြို့၌ ကမ္ဘောဒီးယား လူငယ်သမဂ္ဂဥက္ကဋ္ဌ ဟုန်မာနီနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဝမ်ယိက နှစ်နိုင်ငံလူငယ်တို့သည် တရုတ်- ကမ္ဘောဒီးယား ချစ်ကြည်ရေးကို ဆက်ခံရန်လိုကြောင်း ပြောကြားပါသည်။

လူငယ်များအနေနှင့် ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေးကို ဆက်ခံပြီး နှစ်နိုင်ငံ လူငယ်များအကြား ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အားဖြည့်ပြုလုပ်ရန် ဆန္ဒရှိကြောင်း ဟုန်မာနီက ပြောကြားပါသည်။

   Webradio