• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘက်ပေါင်းစုံ ကမ္ဘာ အတွက် အပြန်အလှန် အကျိုးရှိစေရေးနှင့် အတူအောင်မြင်မှု ရရှိရေးကို ဆောင်ကြဉ်းလာ

(GMT+08:00) 2018-12-06 17:23:40

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဥရောပနှင့် လက်တင် အမေရိက ၄နိုင်ငံများတွင် တရားဝင် ခရီးစဉ်ပြီးဆုံးပြီး ဂျီ-၂၀ ဗျူနိုအေရီးစ် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ပြီး ဖြစ်၍ ယခုလ ၆ရက်နေ့က ပီကင်းသို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ပေါ်တူဂီ နိုင်ငံတွင် ခရီးလှည့်လည်ရာ၌ ရှီကျင့်ဖိန်က ကမ္ဘာသည် ပြဿနာနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော်လည်း တရုတ်ပြည် အနေနှင့် အပြန်အလှန် လေးစားရေး၊ တန်းတူညီမျှစွာ ညှိနှိုင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အတူအောင်မြင်မှု ရရှိရေးမူများကို စွဲကိုင်ပြီး နိုင်ငံ အသီးသီးနှင့် လက်တွဲကာ လူသားကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း ပြောကြားသည်ဟု စီအာအိုင်က ဖော်ပြသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်တွင် တရုတ်ပြည်သည် စိတ်ရင်းစေတနာဖြင့် နိုင်ငံ အသီးသီး၏ အသံကို ယခင်ကလို နားစွင့်ပြီး ၄င်းတို့နှင့် ညှိနှိုင်းဆောင်ရွက်ကာ အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်ပြည်သည် ဘက်ပေါင်းစုံ ဝါဒကို ခိုင်မာပြတ်သားစွာ အားပေးထောက်ခံရန်၊ ပူးပေါင်း ဆောင်ရွက်ရေးနှင့် အတူ အောင်မြင်မှု ရရှိရေးကို တက်ကြွစွာ တိုက်တွန်းရန် အတွက် ယခင်ကလို ဖြေရှင်းရေး နည်းလမ်းကို တင်ပြခဲ့ကြောင်း၊ နှစ်ဖက် ဆွေးနွေးပွဲတွင် ဖြစ်ဖြစ်၊ ဘက်ပေါင်းစုံ အစည်းအဝေးတွင် ဖြစ်ဖြစ် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကျယ်ပြန့်သည့် မြင်ကွင်းနှင့် တာဝန်သိမှု သဘောထားကို ယခင်ကလို ပြသခဲ့ကြောင်း၊ ယင်းသည် ရှုပ်ထွေးပြီး အဆက်မပြတ် ပြောင်းလဲသော နိုင်ငံတကာ အခြေအနေ တည်ငြိမ်စေရန် အတွက် အထောက်အကူဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

တရုတ်ပြည်သည် စပိန်၊ အာဂျင်တီးနား၊ ပနားမား၊ ပေါ်တူဂီနှင့် ပူးတွဲကြေညာချက် (သို့) ပူးတွဲ သတင်းပြန်တမ်းကို အသီးသီး ထုတ်ပြန်ခဲ့ပြီး Belt and Road အဆိုပြုချက်နှင့် ၄င်း၎နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများနှင့် သီးခြားစီ ညီညွတ်စေရန် ဆောင်ရွက်ကြောင်း၊ ၄င်းမူဘောင်အတွင်း နှစ်ဖက်တို့သည် တတိယ ဈေးကွက် ကူးလူး ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ကြမည် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

ဂျီ-၂၀ ဗျူနိုအေရီးစ် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မိန့်ခွန်းပြောကြားကြောင်း၊ ထိပ်သီးအစည်းအဝေး အပြီးတွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် အမေရိကန် သမ္မတ ထရန့်တို့ ကျင်းပခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲ အပေါ် တစ်ကမ္ဘာလုံးသည် အာရုံစိုက်ကြကြောင်း စီအာအိုင်က ဖော်ပြသည်။

နှစ်ဖက်နှင့် ဘက်ပေါင်းစုံ အစည်းအဝေးနှင့် ဆွေးနွေးပွဲများတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကမ္ဘာပေါ်က အကြီးဆုံး ဖွံ့ဖြိုးဆဲ နိုင်ငံ၏ ထိပ်သီးခေါင်းဆောင် အနေနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ သဘောထား ရပ်တည်ချက်ဖြင့် မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတကာ ကုန်သွယ်ရေး၌ ပွင့်လင်းမှု၊ သက်ညှာထောက်ထားမှုနှင့် စည်းမျဉ်းဥပဒေကို စွဲကိုင်ရမည် ဖြစ်ကြောင်း ဖော်ပြသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်သည် Belt and Road တည်ဆောက်ရေးကို တွန်းအားပေးပြီး မိတ်ဖက် ဆက်ဆံမှုနှင့် မိတ်ဖက်စိတ်ဓါတ်ကို နက်ရှိုင်းစေကာ ကမ္ဘာ စီမံခန့်ခွဲရေး ဖြစ်စဉ်တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio