• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံအသီးသီးတို့အနေနှင့် နိုင်ငံစုံဝါဒသစ်ကို ထူထောင်ရန် IMF ဒါရိုက်တာချုပ် ပန်ကြား

(GMT+08:00) 2018-12-06 16:25:49

        နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဒါရိုက်တာချုပ် Christine Lagardeက ယခုလ ၄ ရက်နေ့က မိန့်ခွန်းပြောကြားခဲ့ရာ မျက်မှောက်အချိန်တွင် နိုင်ငံတကာ အခြေအနေ ပြောင်းလဲမှုသည် အလွန်ရှုပ်ထွေးသောကြောင့် နိုင်ငံအသီးသီးတို့သည် ၂၁ ရာစု နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည် ကြံစည်ပြီး နိုင်ငံစုံဝါဒသစ်ကို လက်တွဲထူထောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        Lagardeက မကြာခင်ရက်များက အာဂျင်တီးနားနိုင်ငံ၌ ကျင်းပခဲ့သော ဂျီ-၂၀ အုပ်စု ထိပ်သီးအစည်းအဝေးတွင် ရရှိခဲ့သော စီးပွားရေးတင်းမာမှု ပိုမဆိုးဝါးစေရေးဆိုင်ရာ အောင်ကျိုးရလဒ်များသည် အားတက်ဖွယ်ရာပင်ဖြစ်ကြောင်း၊ မျက်မှောက်အချိန်တွင် မိမိတို့သည် ကုန်သွယ်ရေး အငြင်းပွားမှုများ လျော့ပါးလာစေရန် ဆက်လက်ဆောင်ရွက်သည့် တစ်ချိန်တည်းတွင် ရှေ့အလားအလာကို ထည့်သွင်းစဉ်းစားပြီး ကုန်သွယ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရမည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio