• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရာသီဥတုပြောင်းလဲမှုရင်ဆိုင်ရာ၌ တရုတ်ပြည်မှ ရရှိသည့် အောင်ကျိုးရလဒ်သည်၊ အ​များ​မြင်​နိုင်​တွေ့နိုင်သည့် ရလဒ်ကောင်များဖစ်ကြောင်း ပညာရှင်များ ဆို

(GMT+08:00) 2018-12-06 14:53:48

ယခုလ ၅ ရက်နေ့က ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု ညီလာခံကို     ပိုလန်နိုင်ငံ  Katowice မြို့တွင် ကျင်းပခဲ့သည်။ အစည်းအဝေးတက်ရောက်ကြ သည့် ပညာရှင်များက သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ရာ၌၊ ရာသီဥတုပြောင်းလဲမှု ပြဿနာနှင့် ရင်ဆိုင်ခဲ့ရာ၌ တရုတ်ပြည်မှ ရရှိခဲ့သည့် အောင်ကျိုးရလဒ်များသည်၊ အများက မြင်နိုင်တွေ့နိုင်သည့် ရလဒ်ကောင်များဖြစ်ပြီး၊ ကမ္ဘာ့ပူးပေါင်းဆောင်ရွက်ရေးဖြစ်စဉ်တွင် ပါဝင်သင့်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု မှတ်ယူကြကြောင်း စီအာအိုင်က ဖော်ပြသည်။

ယခုအကြိမ်ရာသီဥတုပြောင်းလဲမှုညီလာခံသည်၊ (ပဲရစ်သဘောတူစာချုပ်)ချုပ်ဆိုခဲ့ သည့်နောက်ပိုင်းတွင် အရေးအကြီးဆုံးအစည်းအဝေးတစ်ကြိမ်ဖြစ် သည်။ သက်ဆိုင်ရာ ဘက်အသီးသီးတို့သည်၊ (ပဲရစ်သဘောတူစာချုပ်) လက်တွေ့ဆောင်ရွက်ရေး သေးစိတ်စည်းကမ်းသတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ စေ့စပ်ဆွေးနွေးမည်ဖြစ်ပြီး၊  နောက်ဆုံး ကန့်သတ်ရက်မတိုင်မီတွင်   လျှော့ပေးမှုရရှိရန် အစွမ်းကုန်ကြိုးပမ်းအားထုတ်မည် ဖြစ် ကြောင်းသိရသည်။

ကိုယ်စီကိုယ်ငှ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးဆိုင်ရာ တာဝန်ဝတ္တရားနှင့် စွမ်းဆောင်မှု များသည်၊ (ပဲရစ်သဘောတူစာချုပ်)၏ အရေးကြီး အကြောင်းအရာဖြစ်သည်ဟု သိရသည်။

   Webradio