• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လုပ်ငန်းကုမ္ပဏီများသည် ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ အဓိက အင်အားစု ဖြစ်လာ

(GMT+08:00) 2018-12-06 09:27:21

တရုတ် လူမှုသိပ္ပံပညာတံခွန်အသင်းကြီးမှ ယခုလ ၅ ရက်နေ့က ထုတ်ပြန်သော ၂၀၁၈ ခုနှစ် လုပ်ငန်းကုမ္ပဏီများ ဆင်းရဲမှု လျှော့ချရေး စက္ကူပြာစာတမ်းအရ၊ လွန်ခဲ့သည့် ငါးနှစ်အတွင်း တရုတ်နိုင်ငံတွင် လူဦးရေ ၆၈၅ သိန်း ၃ သောင်းကျော် ဆင်းရဲမှု လျှော့ချ နိုင်ခဲ့၍ ငါးနှစ်ဆက်တိုက် နှစ်စဉ် လူ သန်း ၁၀ ခန့် ဆင်းရဲမှု လျှော့ချခဲ့ကြောင်း၊ တရုတ် လုပ်ငန်းကုမ္ပဏီများသည် ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ အဓိက အင်အားစု ဖြစ်လာပြီ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

အရပ်ဘက် လုပ်ငန်းကုမ္ပဏီများသည် ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းတွင် အဓိက အင်အား အဖြစ်ဖြင့် ဆင်းရဲမှု လျှော့ချရေး အသွင်ပုံစံကို အဆက်မပြတ် ဆန်းသစ် နေခဲ့ကြောင်း၊ ယခုနှစ် ဇွန်လ လကုန်အထိ ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းတွင် ပါဝင် ဆောင်ရွက်နေသော အရပ်ဘက် လုပ်ငန်းကုမ္ပဏီ ပမာဏမှာ ၅၅၄၀၀ ကျော် ရှိပြီး ဆင်းရဲသူ ၇၅ သိန်းကျော်အား ဆင်းရဲမှု လျှော့ချနိုင်ရန် အကူအညီ ပေးနေကြောင်း သတင်းရရှိပါသည်။(ကျော့)

   Webradio