• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၁ ကြိမ်မြောက် တရုတ်-အမေရိကန် စက်မှုနှင့် ကုန်သွယ်မှု ခေါင်းဆောင်များနှင့် အဆင့်မြင့် အရာရှိဟောင်းများ ဆွေးနွေးပွဲ ပူးတွဲ ကြေညာချက် ထုတ်ပြန်

(GMT+08:00) 2018-12-06 09:24:30

တရုတ် နိုင်ငံတကာ စီးပွါးရေး ကူးလူးဖလှယ်ရေးစင်တာနှင့် အမေရိကန် ပြည်လုံးကျွတ် ကုန်သွယ်ရေးအသင်းတို့ ပူးတွဲ ဦးစီးပြုလုပ်သော ၁၁ ကြိမ်မြောက် တရုတ်-အမေရိကန် စက်မှုနှင့် ကုန်သွယ်မှု ခေါင်းဆောင်များနှင့် အဆင့်မြင့် အရာရှိဟောင်းများ ဆွေးနွေးပွဲကို ဒေသစံတော်ချိန် ယခုလ ၄ ရက်နေ့က ဝါရှင်တန်မြို့၌ ကျင်းပခဲ့ကြောင်း၊ တရုတ် နိုင်ငံတကာ စီးပွါးရေး ကူးလူးဖလှယ်ရေးစင်တာ ဥက္ကဋ္ဌ ကျင်ဖေယန်၊ အမေရိကန် ပြည်လုံးကျွတ် ကုန်သွယ်ရေးအသင်း ဥက္ကဋ္ဌ တိုနိုဟွေနှင့် နှစ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်မှုလောကမှ ခေါင်းဆောင်များ၊ အစိုးရ အဆင့်မြင့် အရာရှိဟောင်းများ၊ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း ကိုယ်စားလှယ် ၃၀ ကျော်တို့သည် ယခုအကြိမ် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြကြောင်း၊ အစည်းအဝေး အပြီးတွင် နှစ်ဖက်တို့သည် ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယင်းကြေညာချက်တွင်၊ တရုတ် နိုင်ငံတကာ စီးပွါးရေး ကူးလူးဖလှယ်ရေးစင်တာနှင့် အမေရိကန် ပြည်လုံးကျွတ် ကုန်သွယ်ရေးအသင်းတို့ အနေနှင့် ဆွေးနွေးပွဲကို တရုတ်နှင့် အမေရိကန် စက်မှုနှင့်ကုန်သွယ်မှု ခေါင်းဆောင်များ၏ အဓိက ကူးလူးဖလှယ်ရေး ပလက်ဖေါင်း ဖြစ်လာစေရန် နောက်ထပ်တစ်ကြိမ် ကတိပြုပါကြောင်း၊ ဆွေးနွေးပွဲ တက်ရောက်သော ကိုယ်စားလှယ်များက၊ စီးပွါးရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှုသည် နှစ်နိုင်ငံ ဆက်ဆံမှု၏ အမြုတေ ဖြစ်မြဲ ဖြစ်နေသေး၍ ယင်းဆက်ဆံမှုသည် နှစ်နိုင်ငံ စီးပွါးရေးနှင့် ကမ္ဘာ့စီးပွါးရေး တည်ငြိမ်မှု၊ တိုးတက်မှုနှင့် စည်ပင်သာယာမှုအတွက် ထူးခြားသော အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသည်ဟု ဖေါ်ပြထားကြောင်း၊ နှစ်နိုင်ငံ အစိုးရ၏ စီးပွါးကုန်သွယ်ရေး လုပ်ငန်းအဖွဲ့တို့က နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ရရှိသည့် သဘောတူညီမှုများ ဖေါ်ဆောင်စေဖို့ စေ့စပ်ဆွေးနွေးရေးလုပ်ငန်းကို လျင်မြန်စွာ ပြုလုပ်နိုင်ရန်၊ အပြန်အလှန် အကျိုးရှိစေနိုင်သော အသေးစိတ် သဘောတူညီမှုကို ရရှိနိုင်ရန် နှစ်ဖက်တို့ မျှော်လင့်ကြောင်း ဖေါ်ပြ ထားပါသည်။

နှစ်ဖက် ကိုယ်စားလှယ်များ၏ အဆိုပြုချက်အရ၊ တရုတ် နိုင်ငံတကာ စီးပွါးရေး ကူးလူးဖလှယ်ရေးစင်တာနှင့် အမေရိကန် ပြည်လုံးကျွတ် ကုန်သွယ်ရေးအသင်းတို့သည် ၂၀၁၉ ခုနှစ်တွင် ပီကင်း၌ ၁၂ ကြိမ်မြောက် တရုတ်-အမေရိကန် စက်မှုနှင့် ကုန်သွယ်မှု ခေါင်းဆောင်များနှင့် အဆင့်မြင့် အရာရှိဟောင်းများ ဆွေးနွေးပွဲကို ပြုလုပ်ရန် သဘော တူကြကြောင်း သတင်းရရှိပါသည်။(ကျော့)

   Webradio