• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပွန်ပေအို၏စကားနှင့်ပတ်သက်ပြီး တရုတ်ပြည်ဘက် တုံ့ပြန် ပြောဆို

(GMT+08:00) 2018-12-06 09:21:59

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပွန်ပေအို၏ ယခုလ ၄ ရက်နေ့က ပြောဆိုခဲ့သည့် စကားကို ရည်စူးပြီး၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ အမေရိကန် အနေနှင့် တရုတ်ပြည်နှင့် ဦးတည်ချက် တူညီစွာ ဆောင်ရွက် နိုင်ရန်၊ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့ ရရှိသည့် သဘောတူညီမှုနှင့် အညီ၊ နှစ်ဖက် ဆက်ဆံမှု မှန်မှန် တိုးတက်ရေးကို တွန်းအားပေး၍ နှစ်နိုင်ငံ ပြည်သူများနှင့် ကမ္ဘာကြီးအား ထိရောက်သော အကျိုးစီးပွါးများ ဆောင်ကြဉ်းပေးနိုင်ရန် မျှော်လင့်ကြောင်း ၅ ရက်နေ့က ပြောကြား ခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ပွန်ပေအိုက၊ အမေရိကန် သမ္မတ ထရန့်သည် အမေရိကန် ဦးဆောင်သော နိုင်ငံတကာ စည်းစနစ်အသစ်ကို တည်ထောင်မည် ဖြစ်ကြောင်း၊ အမေရိကန်သည် နိုင်ငံစုံ သဘောတူစာချုပ်များစွာကို ကျောခိုင်းဖေါက်ဖျက်သော တရုတ်၊ အီရန်နှင့် ရုရှားတို့၏ လုပ်ရပ်ကို လက်ခံလိုမည် မဟုတ်တော့ကြောင်း ၄ ရက်နေ့က ပြောဆိုခဲ့သည်ဟု သတင်း ရရှိပါသည်။

ကင်စွမ်က၊ အမေရိကန်ပြည်ဘက်၏ ယင်း သဘောထားရပ်တည်ချက် အသစ်သည် မကြာခင်က တရုတ်နှင့် အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ၏ ရည်မှန်းချက်စိတ်ဓါတ်နှင့် မကိုက်ညီကြောင်း ပြောကြားခဲ့ပါသည်။(ကျော့)

   Webradio