• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံရှန်ရှီးပြည်နယ်သည် ထိုင်းတွင် စီးပွားကုန်သွယ်ရေးယဉ်ကျေးမှု မိတ်ဆက်ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00) 2018-12-05 15:16:11

ယခုလ၄ရက်နေ့က ၂၀၁၈ခုနှစ် Belt&Roadရှန်ရှီးစီးပွားကုန်သွယ်ရေး ယဉ်ကျေးမှု မိတ်ဆက်ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ကျင်းပခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းနှင့် စီးပွားကုန်သွယ်ရေးဆိုင်ရာပုဂိုလ်များနှင့် ရှန်ရှီးပြည်နယ်ကိုယ်စားလှယ်အဖွဲ့မှ ပုဂိုလ် ၄၀၀ခန့်တို့သည် အစည်းအဝေးသို့တက်ရောက်ပြီး ရှန်ရှီးမှ ဆယ်နှင့်ချီသော လုပ်ငန်းကုမ္ပဏီများသည် မိတ်ဆက်ပွဲသို့တက်ရောက်ခဲ့ကြကြောင်း၊ ယင်းလှုပ်ရှားမှုသည် "ပိုးလမ်းမကြီးစိတ်ဓါတ်ဆက်ခံ၊ တိုးတက်မှုအခွင့်အလမ်းများမျှဝေ" ဟူသော ဆောင်ပုဒ်ဖြင့် ရှန်ရှီးနှင့် ထိုင်းအကြား စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အတွက်ပလက်ဖောင်းတည်ဆောက်ပေးရန် ရည်ရွယ်ထားကြောင်း သတင်းအရ သိရပါသည်။

   Webradio