• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည်၊ တူရကီအမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံ

(GMT+08:00) 2018-12-05 14:54:40

      တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်၊ ယခုလ ၄ ရက်နေ့ ညနေပိုင်း က ပီကင်းတွင် အလည်အပတ်ရောက်ရှိနေသည့် တူရကီနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Bilani Yildirim နှင့် တွေ့ဆုံ နှုတ်ဆက်ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌ လီခေ့ချန်က တရုတ်၊ တူရကီ နှစ်နိုင်ငံတို့သည်၊ ထွန်းသစ်စဈေးကွက်နိုင်ငံများဖြစ်ကြပြီး၊ အရေးကြီးသောပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် တို့လည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Yildirim ကလည်း၊ တူရကီ၊ တရုတ်နှစ်နိုင်ငံတို့သည်၊ အာရှတိုက်၏ ထိပ်ပိုင်း၂ ပိုင်း တွင် အသီးသီးတည်ရှိပြီး၊ အရေးကြီးသော မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် များဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio