• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝါရှင်တန်နှင့် ဆွေးနွေးပွဲကျင်းပရန် မော်စကို အဆင်သင့်ဖြစ်နေပြီဟု ရုရှားသမ္မတ၏ လက်ထောက် ဆို

(GMT+08:00) 2018-12-05 14:29:47

မော်စကိုသည် ဝါရှင်တန်နှင့် ဆွေးနွေးပွဲ ကျင်းပရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း ရုရှား သမ္မတ ပူတင်နှင့် အမေရိကန် သမ္မတ ထရန့်တို့ တက်ရောက်ကြသော ထိပ်သီး ခေါင်းဆောင်များအဆင့် ဆွေးနွေးပွဲ ကျင်းပရန် မတောင်းဆိုကြောင်း ရုရှားသမ္မတ၏ လက်ထောက် ဝူရှာကိုဖ်က ယခုလ ၄ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ဂျီ၂၀ ထိပ်သီးခေါင်းဆောင်များ ၁၃ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ကျင်းပရာတွင် ထရန့်သည် နိုင်ငံတော် ထိပ်သီးခေါင်းဆောင်အဆင့် ဆွေးနွေးပွဲကို ဖျက်သိမ်းခဲ့ခြင်းအပေါ် ရုရှားအနေနှင့် ဝမ်းနည်းမိကြောင်း ဝူရှာကိုဖ်က ပြောကြားခဲ့ပါသည်။

   Webradio