• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၉ ခုနှစ်တွင် လူ ၉၃၆ သိန်းအား လူသားချင်းစာနာထောက်ထားမှုကူညီပေးမည် ဟု ကုလစီစဉ်

(GMT+08:00) 2018-12-05 14:03:12

    ကုလသမဂလူသားချင်းစာနာထောက်ထားမှုကယ်ဆယ်ရေးရာဒုအတွင်းရေးမှူးချုပ် မာခေလော်ခိုခ်သည် လာမည့် ၂၀၁၉ ခုနှစ်တွင် လူသားချင်းစာနာထောက်ထားမှု ကယ်ဆယ်ရေးလုပ်ငန်းက ရှုပ်ထွေးများပြားမည်ဖြစ်ပြီး ကုလသမဂသည် လှူဒါန်ငွေအများ ဆုံး ၂၅ ဘီလီယံစုဆောင်းရန် ရည်မှန်းကာ လူ ၉၃၆ သိန်းအား လူသားချင်းစာနာ ထောက်ထားမှုကူညီပေးမည်ဖြစ်ကြောင်း ယခုလ ၄ ရက်နေ့က ဂျီနီဗာမြို့တွင်ပြောကြားခဲ့ သည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။

ကုလသမဂသည် ၄ ရက်နေ့က ဂျီနီဗာမြို့တွင် "၂၀၁၉ခုနှစ်လူသားချင်းစာနာထောက် ထားမှုကျဉ်းချုပ်စာတမ်း"ထုတ်ပြန်ခဲ့ကြောင်း၊ မာခေလော်ခိုခ်က ၂၀၁၉ ခုနှစ်တွင်လက်နက် ကိုင်တိုက်ခိုက်မှုကြောင့်ဖြစ်စေသော လူသားချင်းစာနာထောက်ထားမှုကယ်ဆယ်ရေး လိုအပ်ချက်များစွာရှိနေသေးသည်ဟုပြောကြားခဲ့ကြောင်း သိရပါသည်။

   Webradio