• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီရန်၏ ရေနံစိမ်း တင်ပို့ရောင်းချမှုကို ကန်တားမြစ်နိုင်စွမ်း မရှိဟု ရူဟာနီဆို

(GMT+08:00) 2018-12-05 11:03:06

        ယခုလ ၄ ရက်နေ့က အီရန်သမ္မတ ရူဟာနီက အီရန်မြောက်ပိုင်းဒေသရှိ ဆယ်မ်နန်ပြည်နယ်၌ ကျင်းပသော ကျောင်းသူကျောင်းသားများ အထိမ်းအမှတ်နေ့ စုစည်းပွဲသို့ တက်ရောက်ခဲ့ရာ အမေရိကန်နိုင်ငံသည် အီရန်နိုင်ငံ၏ ရေနံစိမ်း တင်ပို့ရောင်းချမှုကို တားမြစ်နိုင်စွမ်း မရှိကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        ရူဟာနီက အမေရိကန်နိုင်ငံသည် အီရန်အား ရေနံ သယ်ယူပို့ဆောင်ရေး အရေးယူပိတ်ဆို့မှုကို ဆောင်ရွက်နိုင်စွမ်းမရှိကြောင်း၊ အမေရိကန်နိုင်ငံ၏ အရေးယူမှုကြောင့် အီရန်နိုင်ငံ၏ ရေနံ တင်ပို့ရောင်းချမှု မပြုလုပ်နိုင်လျှင် ပင်လယ်ကွေ့ဒေသ တစ်ခုလုံး၏ ရေနံ တင်ပို့ရောင်းချမှုကို ပြုလုပ်နိုင်မည် မဟုတ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio