• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖုန်လိယွမ်သည် ပနားမားသမ္မတ၏ဇနီးနှင့် တွေ့ဆုံ

(GMT+08:00) 2018-12-04 14:40:23

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ဇနီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တီဘီရောဂါ နှင့် အေအိုင်ဒီအက်စ်ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ မဟာကရုဏာရှင်၊ ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ ကလေးသူငယ်နှင့်အမျိုးသမီး ပညာရေးတွန်းအားပေးမှုဆိုင်ရာ အထူး သံတမန် ဖုန်လိယွမ်သည် ဖိတ်ကြားချက်အရ ဒေသစံတော်ချိန် ဒီဇင်ဘာလ ၃ရက်နေ့ နေ့လယ်ပိုင်းက ပနားမားသမ္မတရုံး၌ ပနားမား သမ္မတ၏ဇနီး၊ ကုလသမဂ္ဂ အေအိုင်ဒီအက်စ် ရောဂါ စီမံခန့်ခွဲရေးရုံးမှ လက်တင်အမေရိကဒေသဆိုင်ရာ အထူး မဟာကရုဏာရှင်၊ ပနားမား ပြည်လုံးဆိုင်ရာ ကလေးများကို အထွေထွေ ပြုစုစောင့်ရှောက်ရေး ကောင်စီဥက္ကဋ္ဌ ကာစ်တီယိုနှင့် တွေ့ဆုံပြီး အေအိုင်ဒီအက်စ်ရောဂါ ကုသရေးနှင့် ကြိုတင်ကာကွယ်ရေး ဆိုင်ရာ ဖြန့်ချိရေးလှုပ်ရှားမှုသို့ အတူတက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio