• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ ပနားမားသမ္မတနှင့်အတူ၊ တရုတ်-ပနားမား ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်သည့် နှစ်နိုင်ငံ လုပ်ငန်းရှင် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

(GMT+08:00) 2018-12-04 14:39:31

      ဒေသ စံတော်ချိန် ယခုလ ၃ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည်၊ ပနားမားစီးတီးတွင် ပနားမားနိုင်ငံ သမ္မတ ဘာရေလာနှင့်အတူ၊ တရုတ်-ပနားမားစီးပွားကုန် သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်နေကြသည့် နှစ်နိုင်ငံတို့မှ လုပ်ငန်းရှင် ကိုယ်စားလှယ်များနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း ဆင်ဟွာသတင်းဌာနက ရေးသား ဖော်ပြသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌၊ ရှီကျင့်ဖိန်က တရုတ်-ပနားမားသံအဆက်အသွယ် ထားရှိခြင်းသည်၊ နယ်ပယ်အသီးသီး၌ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျယ်ပြန့် သော ရှေ့အလားအလာကို ဖွင့်လှစ်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဘာရေလာကလည်း၊ နှစ်နိုင်ငံသံအဆက်အသွယ်ထားရှိခဲ့သည့်နောက်ပိုင်းတွင် နှစ်နိုင်ငံစီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည်၊ များသည်ထက်များလာနေ ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio