• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ ပနားမားနိုင်ငံ သမ္မတ ဘာရေလာနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-12-04 14:38:36

ဒေသစံတော်ချိန် ယခုလ ၃ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ပနားမားနိုင်ငံ သမ္မတ ဘာရေလာနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်ဦးနှစ်ဖက်တို့သည်၊ တရုတ်-ပနားမားသံအဆက်အသွယ်ထားရှိခဲ့သည့်နောက်ပိုင်းတွင် နှစ်ဖက်ဆက်ဆံမှု ကောင်းမွန်သည့် ဖွံ့ဖြိုးရေးအရှိန်အဟုန်နှင့် ပူးပေါင်းဆောင်ရွက်မှုအောင်ကျိုးရလဒ်များ အပေါ် တန်ဖိုးထားချီးကျူးပြီး၊ နှစ်နိုင်ငံဆက်ဆံမှု တစ်ဆင့်တက်တွန်းအားပေးရေးနှင့် စပ်လျဉ်း၍ ကျယ်ပြန့်သော သဘောတူညီမှုများရရှိခဲ့ကြသည်ဟု စီအာအိုင်သတင်းအရသိရ သည်။

  ဒေသစံတော်ချိန်ယခုလ ၂ ရက်နေ့က၊ ရှီကျင့်ဖိန်သည်၊ ပနားမားစီးတီးသို့ ရောက်ရှိ ပြီး၊ ပနားမားသမ္မတနိုင်ငံတွင် ပထမဆုံးအကြိမ်တရားဝင်ခရီးစဉ်ကို စတင်ခဲ့သည်။ ယမန်နှစ် ဇွန်လတွင် တရုတ်-ပနားမား သံအဆက်အသွယ်ကို တရားဝင်ထားရှိခဲ့သည်။ ယမန်နှစ် နိုဝင်ဘာလက သမ္မတ ဘာရေလာသည်၊ တရုတ်ပြည်သို့ လာရောက် ခရီးလှည့်လည်ခဲ့သည်။ ရှီကျင့်ဖိန်၏ ယခုအကြိမ်ခရီးစဉ်သည်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဥက္ကဋ္ဌ ၏ ပထမဆုံးအကြိမ် ပနားမားနိုင်ငံခရီးစဉ်လည်းဖြစ်သည်ဟု သိရသည်။

   Webradio