• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ပနားမား ဆက်ဆံမှု လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းသည် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာကို ထင်ဟပ်ပြ

(GMT+08:00) 2018-12-03 17:58:34

ပနားမား သမ္မတ နိုင်ငံ သမ္မတ ဟူအန် ကားလိုစ် ဘာရေလာ၏ ဖိတ်ကြားချက်အရ ဒေသစံတော်ချိန် ယခုလ ၂ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပနားမား စီးတီးသို့ ရောက်ရှိပြီး ပနားမား နိုင်ငံတွင် စတင် တရားဝင် ခရီးလှည့်လည်ခဲ့ကြောင်း၊ ယင်းသည် ရှီကျင့်ဖိန်၏ ပထမဆုံး ပနားမား ခရီးစဉ် ဖြစ်ပြီး တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ အနေနှင့် ပနားမား နိုင်ငံတွင် ပထမဆုံး အကြိမ် ခရီးလှည့်လည်ခြင်း ဖြစ်ကြောင်းလည်း စီအာအိုင် သတင်းအရ သိရသည်။

ပနားမားတူးမြောင်းသည် ကမ္ဘာ့ အံ့ချီးဖွယ်ရာ ၇ခု အနက် တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ တရုတ် အလုပ်သမားများသည် ၄င်းအံ့ချီးဖွယ်ရာ အတွက် အကျိုးပြု စွမ်းဆောင်ခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၁၆၀ကျော်တုန်းက ပထမ အသုတ် တရုတ် အလုပ်သမားများသည် ပစိဖိတ် သမုဒ္ဒရာကို ဖြတ်ကျော်ပြီး ပနားမားသို့ ရောက်ရှိကာ မီးရထားလမ်းကို ဖောက်လုပ်၊ တူးမြောင်းကို တူးဖော်ပေးခဲ့ကြောင်း၊ ၂၀၁၆ခုနှစ် ဇွန်လက ၉နှစ်ကြာ ပနားမား တူးမြောင်း တိုးချဲ့တူးဖော်ရေး လုပ်ငန်းကို ပြီးစီးခဲ့ကြောင်း၊ ပြီးစီးခြင်း အခမ်းအနားတွင် တရုတ် ကုန်တင် သင်္ဘော COSCO SHIPPING PANAMAသည် ပနားမား တူးမြောင်းသစ်၏ ရေတံခါးမှ ခုတ်မောင်းဖြတ်ကျော်သည့် ပထမဆုံး ကုန်တင်သင်္ဘော ဖြစ်ကြောင်း၊ ယင်းသည် တရုတ် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး အပေါ် ပနားမားမှ အလေးထားမှုကို ဖော်ပြနေကြောင်း၊ လက်ရှိအချိန်တွင် တရုတ်ပြည်သည် ပနားမား တူးမြောင်း၏ ဒုတိယ အကြီးဆုံး သုံးစွဲသူ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၂၀၁၇ခုနှစ် ဇွန်လက တရုတ်နှင့် ပနားမားတို့သည် သံတမန် ဆက်ဆံမှု တရားဝင် ထားရှိပြီး တစ်မူဆန်းသစ်သော နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍကို ဖွင့်လှစ်ခဲ့ကြောင်း၊ ၂၀၁၇ခုနှစ် နိုဝင်ဘာလက ပနားမား သမ္မတ ဘာရေလာသည် တရုတ်ပြည်သို့ လာရောက် ခရီးလှည့်လည်ခဲ့ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

လွန်ခဲ့သည့် ၁နှစ်အတွင်း တရုတ်ပြည်မှ စွမ်းအင်၊ ငွေကြေး၊ ဆက်သွယ်ရေး၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် သိပ္ပံနည်းပညာ လုပ်ငန်း ကုမ္ပဏီများသည် ပနားမားသို့ ဝင်ရောက်ပြီး ဒေသခံ ပြည်သူများ အတွက် ထောင်နှင့်ချီသော အလုပ်အကိုင် နေရာများကို ဖန်တီးပေးကြောင်း၊ ယခုနှစ် ဧပြီလက တရုတ်ပြည်သည် ပနားမားသို့ ပျံသန်းသည့် တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်ခဲ့ကြောင်း၊ Belt and Road အဆိုပြုချက်သည် နှစ်နိုင်ငံ ရေရှည် ပူးပေါင်းဆောင်ရွက်ရေး အတွက် ပလက်ဖောင်း ဖြစ်ကြောင်း၊ ပနားမားသည် တရုတ်ပြည်နှင့် Belt and Road ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ ချုပ်ဆိုခဲ့သည့် ပထမဆုံး လက်တင်အမေရိကနှင့် ကာရီဘီယန် နိုင်ငံ ဖြစ်ကြောင်း၊ ပနားမားသည် "၂၀၃၀ပြည့်နှစ် အမျိုးသား ကုန်စည်ပို့ဆောင်ရေး မဟာဗျူဟာ"ကို တက်ကြွစွာ တွန်းအားပေးနေပြီး တရုတ်ပြည်၏ Belt and Roadနှင့် ညီညွတ်စေရန် ဆောင်ရွက်နေကြောင်း စီအာအိုင် သတင်းအရ သိရသည်။

    တရုတ်နှင့် ပနားမား နှစ်နိုင်ငံသည် အပြန်အလှန် လေးစားယုံကြည်ရေးနှင့် တန်းတူညီမျှရေး အခြေခံမူကို စွဲကိုင်ပြီး အနှောင်အဖွဲ့များကို ရဲရဲဝံ့ဝံ့ ကျော်လွှားကာ ဖွံ့ဖြိုးတိုးတက်ရေး တံခါးကို ဖွင့်လျှင် စည်ပင်သာယာပြီး အပြန်အလှန် အကျိုးရှိစေသော အနာဂတ်ရေး ရရှိနိုင်လိမ့်မည် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio