• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ အာဂျင်တီးနားသမ္မတနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-12-03 15:34:28

     ဒေသစံတော်ချိန် ဒီဇင်ဘာလ ၂ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ဗျူနိုအေးရီစ်မြို့တော်၌ အာဂျင်တီးနားသမ္မတ Macri နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံ ခေါင်းဆောင်တို့သည်၊ ပိုမိုကျယ်ပြန့်သော မြင်ကွင်းဖြင့် နှစ်နိုင်ငံဆက်ဆံမှု ဖွံ့ဖြိုးရေးကို စီမံခန့်ခွဲရန်နှင့် တရုတ်-အာဂျင်တီးနားဘက်စုံမဟာဗျူဟာမိတ်ဖက် ဆက်ဆံမှု ခေတ်ကာလသစ်ကို လက်တွဲဖွင့်လှစ်ရန် သဘောတူကြကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

 ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာ၌ ရှီကျင့်ဖိန်က တရုတ်-အာဂျင်တီးနားပူးပေါင်းဆောင်ရွက်မှု သည်၊ မကြုံစဖူးကျယ်ပြန့်နက်ရှိုင်းဖြစ်ကြောင်း၊ တရုတ်၊ အာဂျင်တီးနားနှစ်နိုင်ငံတို့သည်၊ အရေး ကြီးသြဇာညောင်းမှုရှိသည့် ဖွံ့ဖြိုးဆဲနှင့် ထွန်းသစ်စဈေးကွက်နိုင်ငံများဖြစ်ကြပြီး၊ နိုင်ငံစုံဝါဒ နှင့် သက်ညှာထောက်ထားမှုရှိသည့် ကမ္ဘာ့စီးပွားရေးကို အတူအားပေးထောက်ခံ ကြသင့် ကြောင်းပြောကြားခဲ့သည်။

 Macri ကလည်း၊ ဥက္ကဋ္ဌရှီကျင့်ဖိန်၏ အာဂျင်တီးနားခရီးစဉ်အပေါ် ကြိုဆိုပါကြောင်း၊ တရုတ်ပြည်မှ အချိန်ကြာရှည်စွာ အားပေးထောက်ခံမှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio