• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ကန်သဘောတူညီမှုရရှိခြင်းသည် အပြုသဘောဆောင်သောအချက်ပြလိုက်ခြင်း ဖြစ်သည်ဟု ဥရောပစီးပွားရေးလောကနှင့်တတ်သိပညာရှင်များဆို

(GMT+08:00) 2018-12-03 15:07:00

     ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁ရက်နေ့ညက တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံသမ္မတ ထရန့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ အရေးကြီးသည့် သဘောတူညီမှုရရှိခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

ဥရောပစီးပွားရေးလောကမှ ပုဂိုလ်များနှင့် တတ်သိပညာရှင်များက သတင်းထောက် များနှင့်တွေ့ဆုံရာတွင် ယခုအကြိမ် တရုတ်နှင့် အမေရိကန်ခေါင်းဆောင်တို့ကရရှိခဲ့သော အောင်မြင်မှုရလဒ်များကို တန်ဖိုးထားချီးကျူးကြောင်း၊ တရုတ်နှင့်အမေရိကန်တို့က စီးပွား ကုန်သွယ်ရေးပြဿနာများနှင့်ပတ်သက်၍ သဘောတူညီမှုရရှိခြင်းသည် ကမ္ဘာကြီးအား အပြုသဘောဆောင်သောအချက်ပြခြင်းဖြစ်သည့်အပြင် ဥရောပနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အကျိုးရှိမည်ဖြစ်ကြောင်း ယူဆကြပါသည်။

 

   Webradio