• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် အမေရိကန်တို့ အခွန်တိုးကောက်ခြင်းသစ် မပြုရန် သဘောတူကြသည်

(GMT+08:00) 2018-12-03 09:36:08

တရုတ်နှင့် အမေရိကန် ထိပ်သီးခေါင်းဆောင်တို့သည် ဒေသစံတော်ချိန် ယခုလ ၁ ရက်နေ့က ဗျူနိုအေးရီစ်မြို့၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီး သဘောတူညီမှုကို ရရှိကာ အခွန် တိုးကောက်ခြင်းသစ် မပြုရန် သဘောတူကြကြောင်း၊ နှစ်နိုင်ငံ စီးပွါး ကုန်သွယ်ရေး အဖွဲ့အစည်းများ အနေနှင့် တိုးကောက်ပြီး အခွန်များ ဖျက်သိမ်းနိုင်ရန်၊ အပြန်အလှန် အကျိုးရှိစေရေးဆိုင်ရာ အသေးစိတ် သဘောတူညီမှု ရရှိနိုင်ရန် အရှိန်တိုး တိုင်ပင်ဆွေးနွေးကြဖို့လည်း ညွှန်ကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ကျွမ်းကျင်ပညာရှင်များက၊ တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ၏ ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ရရှိသော ယင်းအောင်ကျိုးရလဒ်သည် နှစ်နိုင်ငံ စီးပွါးကုန်သွယ်ရေး အငြင်းပွါးမှု ပိုမဆိုးဝါးလာအောင် တားဆီးနိုင်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံမှုနှင့် ကမ္ဘာ့စီးပွါးရေး အတွက် အကျိုးရှိမည် ဖြစ်ကြောင်း၊ စီးပွါး ကုန်သွယ်ရေး ဆိုင်ရာ နှစ်ဖက်တို့၏ ဆင်ခြင်ဥာဏ်ရှိသော  ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဖက်တို့၏ ဥာဏ်ကောင်းနှင့် ရိုးသားဖြူစင်မှုကို ပြသနေကြောင်း စီအာအိုင် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြပါသည်။

တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန သုတေသနအသင်းနှင့် နိုင်ငံခြား ကုန်သွယ်ရေး သုတေသနဌာန ဌာနမှူး လျန်မင်က၊ တရုတ်နှင့် အမေရိကန် ထိပ်သီးခေါင်းဆောင်များ၏ လမ်းညွှန်မှု၊ ကုန်သွယ်ရေးစစ်ပွဲ၏ အန္တရာယ် အပေါ် နှစ်ဖက်တို့၏ ခေါင်းအေးအေး နားလည် သိရှိခြင်းနှင့် တရုတ်ပြည်ဘက်၏ ရိုးသားဖြူစင်သော သဘောထားနှင့် မူများသည် ယခုအကြိမ် သဘောတူညီမှု ရရှိနိုင်ခဲ့ခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ကြောင်း သုံးသပ်ထားပါသည်။ (ကျော့)

   Webradio