• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"ရှီကျင့်ဖိန် ကြိုက်နှစ်သက်သော ကျမ်းဂန်ပါ ပုံပြင် အချက်အလက်များ" (စပိန် ဘာသာပြန်) ရုပ်သံ အစီအစဉ် နိုင်ငံတကာ အွန်လိုင်းတင်

(GMT+08:00) 2018-11-30 08:26:28

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဂျီ-၂၀ ထိပ်သီး အစည်းအဝေး တက်ရောက် ခါနီးနှင့် အာဂျင်တီးနား တရားဝင် ခရီးစဉ် စတင်ခါနီး အချိန်တွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ကြိုက်နှစ်သက်သော ကျမ်းဂန်ပါ ပုံပြင် အချက်အလက်များကို အဓိကထား ရိုက်ကူး ပြုစုသည့် စပိန်ဘာသာပြန်ထားသော ရုပ်သံ အစီအစဉ် "ရှီကျင့်ဖိန် ကြိုက်နှစ်သက်သော ကျမ်းဂန်ပါ ပုံပြင် အချက်အလက်များ" ကို ယခုလ ၂၈ ရက်နေ့မှစပြီး တစ်ကမ္ဘာလုံး စပိန်ဘာသာစကားသုံး နိုင်ငံများ၌ တစ်ပြိုင်တည်း အွန်လိုင်းတင်ထားပြီ ဖြစ်ကြောင်း၊ အွန်လိုင်းတင် အခမ်းအနားကို ၂၈ ရက်နေ့က ဗျူနိုအေးရီစ်မြို့၌ ကျင်းပခဲ့ကြောင်း တရုတ် ဗဟို မီဒီယာအုပ်စုမှ သတင်းအရ သိရပါသည်။

ယင်းမတိုင်မီက အထက်ပါ အတွဲ ၆ တွဲပါ ရုပ်သံအစီအစဉ်ကို အင်္ဂလိပ်၊ ဂျပန်ဘာသာ၊ တောင်ကိုးရီးယားဘာသာ စသည့်ဘာသာများ ဘာသာပြန်ပြီး ဖတ်ရှုသူများ၏ ချီးကျူးမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိသည်ဟု သိရပါသည်။

ယင်းရုပ်သံ အစီအစဉ်များတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မိန့်ခွန်း၊ ဆောင်းပါး၊ စကား များတွင် အသုံးပြုခဲ့ဖူးသည့် တရုတ် ရှေးခေတ်က ကျမ်းဂန်ပါ နာမည်ကြီး ပုံပြင်များမှ စကားမွန်များကို ရွေးချယ်ပြီး၊ "ပြည်သူများအား အကျိုးဆောင်ပေးခြင်း""ကျင့်ဝတ်တရား ထူထောင်ခြင်း""ကိုယ်ကျင့်တရား ဆောက်တည်ခြင်း""မိသားစု အကျင့်စာရိတ္တ""မိဘများအား ဝတ်ကျေအောင် ပြုစုစောင့်ရှောက်ခြင်း""အရာရှိများ လုပ်နည်းလုပ်ဟန် သန့်စင်ခြင်း" အပါအဝင် ဆောင်ပုဒ်များကို ဝိုင်းဝန်းကာ၊ မစ္စတာ ရှီကျင့်ဖိန်၏ တရုတ် ရိုးရာ ယဉ်ကျေးမှု အနှစ်သာရများ အပေါ် နက်ရှိုင်းစွာ နားလည်မှုများကို သရုပ်ဖေါ်ပြထားပါသည်။

၂၈ ရက်နေ့က ကျင်းပသော အခမ်းအနားတွင် တရုတ် ဗဟို မီဒီယာ အုပ်စု ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက၊ အထက်ပါ ရုပ်သံ အစီအစဉ် အွန်လိုင်းတင်ခြင်းသည် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ကမ္ဘာပေါ်တွင် အကြီးဆုံးသော ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံကို ဦးဆောင်ပြီး ခေတ်သစ်သို့ ဝင်ရောက် ချီတက်ခြင်းနှင့် အမျိုးသား ရှန်သန်ရေး မွန်မြတ်သော အိပ်မက် ဖေါ်ဆောင်ခြင်း အကြောင်းများကို နားလည်သိရှိစေနိုင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

အမေရိက မီဒီယာ အုပ်စု ရှေ့ဆောင် တည်ထောင်သူ မန်ဇာနိုက၊  "ရှီကျင့်ဖိန် ကြိုက်နှစ်သက်သော ကျမ်းဂန်ပါ ပုံပြင် အချက်အလက်များ" ရုပ်သံ အစီအစဉ်သည် တရုတ် ယဉ်ကျေးမှုကို နားလည်သိရှိရန် အခွင့်ကောင်း တစ်ရပ် ဖန်တီးပေးကြောင်း ပြောကြားပါသည်။

အခမ်းအနားတွင်၊ တရုတ် ဗဟို မီဒီယာအုပ်စု လက်အောက်ခံ တရုတ် နိုင်ငံတကာ ရုပ်မြင်သံကြားဌာနနှင့် အမေရိက မီဒီယာ အုပ်စုတို့သည် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု အမှာစာတမ်းကို ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio