• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အင်ဒိုနီးရှားမဟာဗျူဟာမြောက်မိတ်ဘက်ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးထားရှိသော၅နှစ်ပြည့်ဆွေးနွေးပွဲကို ဂျကာတာမြို့တွင်ကျင်းပ

(GMT+08:00) 2018-11-28 13:16:12

ယခုလ ၂၇ရက်နေ့က တရုတ်-အင်ဒိုနီးရှားမဟာဗျူဟာမြောက်မိတ်ဘက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးထားရှိသော၅နှစ်ပြည့်ဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပခဲ့ကြောင်း၊ ဆွေးနွေးပွဲကို အင်ဒိုနီးရှားမဟာဗျူဟာနှင့် အပြည်ပြည်ဆိုင်ရာရေးရာများ သုတေသနစင်တာ၊ အရှေ့တောင် မဟာဗျူဟာသုတေသနဌာနနှင့် ပရာစ်ဒီယာမူလ်ရာ တက္ကသိုလ်တို့ကြီးမှူးကျင်းပခြင်း ဖြစ်ကြောင်း၊ အင်ဒိုနီးရှားပင်လယ်ရေးရာဝန်ကြီးလူဟူနှင့် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးလျှောချမ်းသည် ဆွေးနွေးပွဲသို့ တက်ရောက်၍ မိန်ခွန်းပြောကြားခဲ့ကြကြောင်း၊ နှစ်နိုင်ငံ တတ်သိပညာရှင်များအဖွဲ့နှင့် တက္ကသိုလ်ကောလိပ်မှ ကျွမ်းကျင်ပညာရှင်များသည် နှစ်နိုင်ငံဆက်ဆံမှုတိုးတက်ရေး၊ စီးပွားကုန်သွယ်ရေးကူးလူးဖလှယ်ရေးနှင့် လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေးစသော နယ်ပယ်အသီးသီးဆိုင်ရာ ကစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

   Webradio