• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ပါကစ္စတန်ချစ်ကြည်ရေးကို ထိခိုက်ရန် ကြံစည်ချက်မှန်သမျှသည် ထမြောက်အောင်မြင်မည်မဟုတ်ဟု တရုတ်ဆို

(GMT+08:00) 2018-11-28 10:52:25

        တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က တရုတ်-ပါကစ္စတန်ချစ်ကြည်ရေးကို ထိခိုက်ရန် ကြံစည်ချက်မှန်သမျှသည် ထမြောက်အောင်မြင်မည်မဟုတ်ကြောင်း၊ တရုတ်ပြည်ဘက်သည် နောက်ဆက်တွဲ ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ပါကစ္စတန်ဘက်နှင့် ရင်းနှီးစွာ ဆက်သွယ်မည်ဖြစ်ပြီး ပါကစ္စတန်ဘက်အနေနှင့် ပြည်တွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်နိုင်မည်ဟု ယုံကြည်ကြောင်း၊ တရုတ်ပြည်ဘက်သည် ပါကစ္စတန်နိုင်ငံ၌ တရုတ်ပြည်၏ အကျိုးစီးပွားများ၊ ပါကစ္စတန်နိုင်ငံရှိ တရုတ်ပြည်သူပြည်သားနှင့် လုပ်ငန်းဌာနများ၏ လုံခြုံရေးကို ထိရောက်စွာ ထိန်းသိမ်းကာကွယ်မည်ဖြစ်ကြောင်း ယခုလ ၂၇ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio