• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံထောက်ပံ့ကူညီသောလာအိုနိုင်ငံငလျင်ကြီးကြပ်တိုင်းတာရေးကွန်ရက်နှင့်data စင်တာလုပ်ငန်းစတင်တည်ဆောက်

(GMT+08:00) 2018-11-28 10:51:24

တရုတ်နိုင်ငံ ထောက်ပံ့ကူညီသော လာအိုနိုင်ငံငလျင်ကြီးကြပ်တိုင်းတာရေးကွန်ရက် နှင့်data စင်တာလုပ်ငန်း အုတ်မြစ်ချအခမ်းအနားကို ယခုလ ၂၇ ရက်နေ့က လာအိုနိုင်ငံ ဗီယင်ကျမ်းမြို့တော်၌ ကျင်းပခဲ့သည်။ လာအိုနိုင်ငံ သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင် ဝန်ကြီးဌာနဒုဝန်ကြီးဘွန်မီ ဖူသာဗွန်၊ လာအိုနိုင်ငံဆိုင်ရာတရုတ်စီးပွားရေးသံမှူးဝမ်ချီဟွေ၊ တရုတ်ငလျင်ကွန်ရက်ဒုဥက္ကဋ္ဌလျိုကျယ်နှင့် တရုတ်၊လာအိုနှစ်နိုင်ငံ သက်ဆိုင်ရာဌာနမှ ကိုယ်စားလှယ်များသည် အုတ်မြစ်ချအခမ်းအနားသို့ တက်ရောက်ခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

   Webradio