• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် မဟာဗျူဟာမြောက် ထွန်းသစ်စ ကုန်ထုတ်လုပ်မှု အားကောင်းစွာ တိုးတက်နေ

(GMT+08:00) 2018-11-28 09:09:08

တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် အပါအဝင် သက်ဆိုင်ရာဌာနများ ပူးတွဲ ဦးစီးကျင်းပသော ဒုတိယ အကြိမ် မဟာဗျူဟာမြောက် ထွန်းသစ်စ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေးဖိုရမ်ကို ယခုလ ၂၇ ရက်နေ့က ပီကင်း၌ ဖွင့်လှစ် ခဲ့ပါသည်။ ဖိုရမ်၌ နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုဥက္ကဋ္ဌ လင့်ကြည့်ဝူက၊ ယခုနှစ်များအတွင်း တရုတ်ပြည် မဟာဗျူဟာမြောက် ထွန်းသစ်စ ကုန်ထုတ်လုပ်မှုသည် အရှန်ကောင်းမွန်စွာ ရှင်သန်ဖွံ့ဖြိုးတိုးတက်လာနေပြီး၊ စီးပွါးရေး အရည်အသွေး မြင့်မားစွာ တိုးတက်ရေးဆိုင်ရာ ဦးစီးအင်အား ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

သက်ဆိုင်ရာစာရင်းအရ၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် တရုတ်ပြည် တစ်ပြည်လုံး၌ မဟာဗျူဟာမြောက် ထွန်းသစ်စ စက်မှု ကုန်ထုတ်လုပ်မှု တိုးတက်ရေး တန်ဖိုး ပမာဏမှာ ၁၀့ ၅ ရာခိုင်နှုန်းနှင့် ၁၁ ရာခိုင်နှုန်း အသီးသီး တိုးတက်လာကြောင်း၊ မျက်မှောက်အချိန်တွင် တရုတ်ပြည်၏ စွမ်းအင်သစ်သုံး လျှပ်စစ်ဓါတ်အားပေးစက်အုပ်စု ပမာဏ၊ စွမ်းအင်သစ်သုံး မော်တော်ကား ရောင်းချမှု ပမာဏနှင့် စမာ့ဟန်းဖုန်း ရောင်းချမှု ပမာဏမှာ ကမ္ဘာ့ အများဆုံး ဖြစ်လာပြီ ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် တရုတ်ပြည်မှ မဟာဗျူဟာမြောက် ထွန်းသစ်စ ကုန်ထုတ်လုပ်မှု နယ်ပယ်မှ လုပ်ငန်းကုမ္ပဏီ ၂၅ ခုတို့သည် ကမ္ဘာ့ရှေ့ပြေး စာရင်းဇယား ၅၀၀ ထဲသို့ ဝင်ရောက်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio