• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် စပိန်မီဒီယာ၌ ဆောင်းပါး ထုတ်ပြန်

(GMT+08:00) 2018-11-28 08:34:38

စပိန်နိုင်ငံ၌ တရားဝင် ခရီးလှည့်လည်နေသော တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၇ ရက်နေ့က စပိန် ABC သတင်းစာတွင် "ခေတ်သစ်သို့ အားသွန်ခွန်စိုက် ချီတက်ပြီး ပြောင်မြောက် ရှင်သန်မှုသစ်ကို လက်တွဲ တည်ထောင်ကြစို့" ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ်ကို ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယင်းဆောင်းပါးတွင်၊ ၁၉၇၃ ခုနှစ်တွင် တရုတ်နှင့် စပိန်တို့သည် သံအဆက်အသွယ် ထားရှိခဲ့ကြောင်း၊ လွန်ခဲ့သည့် ၄၅ နှစ်အတွင်း နှစ်ဖက်တို့သည် အစဉ်တစိုက် အပြန်အလှန် လေးစားပြီး တန်းတူရည်တူ သဘောထားကာ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း၊ နှစ်ဖက် ဆက်ဆံမှု မှန်မှန် တိုးတက်လာအောင် တွန်းအားပေးကြကြောင်း ရေးသား ဖေါ်ပြထားပါသည်။

   Webradio