• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယောင်ကျင့်သည်၊ ပါကစ္စတန် စီမံကိန်းနှင့် ဖွံ့ဖြိုးရေးဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2018-11-27 16:18:03

ယခုလ ၂၆ ရက်နေ့က ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယောင်ကျင့် သည်၊ တရုတ်သံရုံး၌ ပါကစ္စတန် စီမံကိန်းနှင့် ဖွံ့ဖြိုးရေးဝန်ကြီး ဘာဟ်တီယာလ်နှင့် တွေ့ဆုံခဲ့ကြောင်း စီအာအိုင်ကဖော်ပြသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌ ဘာဟ်တီယာလ်က Karachi မြို့ဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ် ရုံးအား အလစ်ဝင်တိုက်ခိုက်သည့် အကြမ်းဖက်မှုအပေါ် ပြစ်တင်ရှုတ်ချကြောင်းနှင့် တရုတ် ဘက်အား စေနာသန့်သန့်ဖြင့် နှစ်သိမ့်အားပေးကြောင်း ဖော်ပြခဲ့သည်။

 ယောင်ကျင့်ကလည်း၊ ပါကစ္စတန်ဘက်မှ နှစ်သိမ့်အားပေးမှုအပေါ် ကျေးဇူးတင်ရှိ ပါကြောင်းဖော်ပြသည့်အပြင်၊ ယင်းတိုက်ခိုက်မှုတွင် ကျဆုံးသွားသည့် ပါကစ္စတန်ဘက်မှ စောင့်ကြပ်ကာကွယ်ရေးဝန်ထမ်းများအား ဝမ်းနည်းကြေကွဲကြောင်းဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio