• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ခုနှစ်တရုတ်ရုပ်ရှင်ညပွဲတော်ကို အီဂျစ်တွင် ဖွင့်လှစ်

(GMT+08:00) 2018-11-27 14:47:11

ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၆ရက်နေ့က တရုတ်ရုပ်ရှင်ကျွမ်းကျင်ပညာရှင်များ အသင်းနှင့် ကိုင်ရိုတရုတ်ယဉ်ကျေးမှုစင်တာတို့ ကြီးမှူးကျင်းပသော "ကိုင်ရိုတရုတ်ရုပ်ရှင်ညပွဲတော်"ကို အီဂျစ်နိုင်ငံကိုင်ရိုမြို့တော်တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်ရုပ်ရှင်ကျွမ်းကျင်ပညာရှင်များအသင်း အတွင်းရေးမှူးချုပ် ရော်ရှုကွမ်း၊ အီဂျစ်နိုင်ငံဆိုင်ရာတရုတ်သံရုံး ယဉ်ကျေးမှုသံမှူး၊ ကိုင်ရိုတရုတ်ယဉ်ကျေးမှုစင်တာဌာနမှူး ရှီရွက်ဝန်စသော တရုတ်၊အီဂျစ်အလွှာပေါင်းစုံမှ ဧည့်သည်တော်၁၀၀ခန့်သည် ပွဲတော်သို့တက်ရောက်ခဲ့ကြကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

တရုတ်ရုပ်ရှင်ညပွဲတော်ကျင်းပခြင်းမှတဆင့် အီဂျစ်ပြည်သူများက တရုတ်ရုပ်ရှင်များကို ပိုမိုသိရှိနားလည်နိုင်ရန် အခွင့်အလမ်းကောင်းတစ်ခုကို ဖန်တီးပေးကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်ရှပ်ရှင်ပုဂိုလ်များအတွက်လည်း အီဂျစ်ရုပ်ရှင်နယ်ပယ်မှ လုပ်ဖော်ကိုင်ဘက်များနဲ့အတူ ပူးပေါင်းဖလှယ်ရန် ထိရောက်သော ပလက်ဖောင်းတစ်ခု ဖန်တီးပေးကြောင်း တရုတ်ရုပ်ရှင်ကျွမ်းကျင်ပညာရှင်များအသင်း အတွင်းရေးမှူးချုပ် ရော်ရှုကွမ်းက ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။

   Webradio