• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့နှင့်အစိုးရအတိုက်အခံလက်နက်အဖွဲ့တို့အကြား အပစ်အခတ်တိုက်ခိုက်မှုတွင် လူ၁၀ယောက်သေဆုံး

(GMT+08:00) 2018-11-27 14:22:07

အိန္ဒိယလုံခြုံရေးတပ်ဖွဲသည် ယခုလ၂၆ရက်နေ့က အိန္ဒိယနိုင်ငံအလယ်ပိုင်းရှိ ကာတီစ်ကာပြည်နယ်တွင် နာဇာလီတ်အစိုးရအတိုက်အခံလက်နက်ကိုင်အဖွဲ့နှင့်အကြား အပစ်အခတ်တိုက်ခိုက်မှုဖြစ်ပွား၍ လက်နက်ကိုင်သမား၈ယောက်နှင့် လုံခြုံရေးတပ်သား ၂ယောက်သေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

အိန္ဒိယအစိုးရက ပိုမိုများပြားသောလုံခြုံရေးတပ်ဖွဲ့ကို စေလွှတ်ပြီး အဆိုပါဒေသတွင် အစိုးရအတိုက်အခံလက်နက်ကိုင်သမားများကို ရှာဖွေဖမ်းဆီးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio