• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုဥက္ကဋ္ဌ နင်ဂျီကျေသည် မြန်မာနိုင်ငံ၌ ခရီးလှည့်လည်

(GMT+08:00) 2018-11-27 09:24:45

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ၂၀၁၇ ခုနှစ်တွင် ရရှိသော Belt and Road ကမ်းလှမ်းချက် မူဘောင်အတွင်း နှစ်နိုင်ငံ စီးပွါးရေး စင်္ကြံ လက်တွဲ တည်ဆောက်ရေးဆိုင်ရာ သဘောတူညီမှုကို တစ်ဆင့်တိုး ဖေါ်ဆောင်ရန်အတွက်၊ တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုဥက္ကဋ္ဌ နင်ဂျီကျေသည် ယခုလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့ အထိ မြန်မာနိုင်ငံသို့ သွားရောက် ခရီးလှည့်လည်ခဲ့ကြောင်း၊ နင်ဂျီကျေသည် ဒေါ်အောင်ဆန်းစုကြည်အား ရိုသေလေးမြတ်စွာဖြင့် သွားရောက် တွေ့ဆုံပြီး၊ မြန်မာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဝင်း၊ စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အပါအဝင် ဌာန ၁၁ ခုမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် လုပ်ငန်းဆိုင်ရာ အစည်းအဝေးများကို ပြုလုပ် ခဲ့ကြောင်း၊ နှစ်ဖက်တို့သည် နှစ်နိုင်ငံ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ ဆက်နွှယ်ရေး၊ နှစ်နိုင်ငံ စီးပွါးရေး စင်္ကြံ တည်ဆောက်မှုကို တွန်းအားပေးရေး၊ ရန်ကုန် စက်မှုဇုန်သစ် အပါအဝင် လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်ရေး စသဖြင့်နှင့် ပတ်သက်ပြီး နက်ရှိုင်းစွာ အမြင်ချင်း ကူးလူးဖလှယ်ပြီး သဘောတူညီမှုများ ရရှိခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခု မြန်မာနိုင်ငံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြီက ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်သော Belt and Road ဖေါ်ဆောင်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်း တည်ထောင်ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio