• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရာသီဥတုပြောင်းလဲလာမှုရင်ဆိုင်ရေးလုပ်ငန်းများကို တရုတ်တက်တက်ကြွကြွဆောင်ရွက်

(GMT+08:00) 2018-11-26 15:49:43

    ကုလသမဂ္ဂရာသီဥတုပြောင်းလဲလာမှုမူဘောင်စာပဍိညာဉ်စာချုပ်ဆိုင်ရာ ၂၄ ကြိမ်မြောက် စာချုပ် ချုပ်ဆိုဖက်နိုင်ငံများအထွေထွေညီလာခံကို ဒီဇင်ဘာလ အစဦးပိုင်းတွင် ပိုလန်နိုင်ငံ ကာတိုဝီဇီမြို့၌ ကျင်းပမည်ဖြစ်ပြီး သက်ဆိုင်ရာတို့က ပဲရစ်သဘောတူစာချုပ်၏ လက်တွေ့ဖော်ဆောင်ရေးဆိုင်ရာ အသေးစိတ် ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အတည်ပြုပြဌာနမည်ဖြစ်ကြောင်း စီအာအိုင်သတင်း အရ သိရပါသည်။ တရုတ်ပြည်၏ ရာသီဥတုပြောင်းလဲလာမှုရေးရာ အထူးကိုယ်စားလှယ် ရှယ်ကျင့်ဟွာက ယနေ့ ၂၆ ရက်နေ့က ပီကင်းမြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် တရုတ်ပြည်အနေနှင့် ရာသီဥတုပြောင်းလဲလာမှုဆိုင်ရာကိစ္စများကို တစ်လျှောက်လုံးပြတ်သားတက်ကြွစွာ ရင်ဆိုင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခုအကြိမ် အထွေထွေညီလာခံတွင် ပဲရစ် သဘောတူစာချုပ် လက်တွေ့ဖော်ဆောင်ရေးဆိုင်ရာ အသေးစိတ်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်းကို အောင်မြင်စွာ ပြုလုပ်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

   Webradio