• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာတရုတ်သံရုံးသည် ဖိလစ်ပိုင်၏ကုသိုလ်ဈေးရောင်းပွဲသို့ ပါဝင်

(GMT+08:00) 2018-11-26 14:09:57

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာတရုတ်သံရုံးသည် ယခုလ ၂၅ ရက်နေ့က သံရုံးဝန်ထမ်းများကို စည်းရုံးပြီး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်နိုင်ငံတကာBAZAARရန်ပုံငွေအဖွဲ့တို့ တစ်နှစ် တစ်ကြိမ်ပူးတွဲဦးစီးကျင်းပသော ဖိလစ်ပိုင်နိုင်ငံဆိုင်ရာနိုင်ငံအသီးသီမှသံရုံးများ၏ ကုသိုလ်ဈေးရောင်းပွဲသို့ပါဝင်ခဲ့ကြောင်း၊ ကုသိုလ်ဈေးရောင်းပွဲမှ ရငွေများကို BAZAARရန်ပုံငွေအဖွဲ့မှတစ်ဆင့် အကူအညီလိုအပ်သောဖိလစ်ပိုင် ပြည်သူများအားလှူပေးမည်ဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ထိုနေ့တွင် ကုသိုလ်ဈေးရောင်းပွဲကို ဖိလစ်ပိုင်နိုင်ငံတကာအစည်းအဝေး စင်တာတွင် ကျင်းပကြောင်း၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာနိုင်ငံအသီးသီမှသံရုံး ၄၀၊ နိုင်ငံတကာအဖွဲ့ ၂ ဖွဲ့နှင့် ဖိလစ်ပိုင်နာမည်ကျော်ကုမ္ပဏီ ၄၉ ခုတို့သည် လှုပ်ရှားမှုသို့ပါဝင်ခဲ့ကြောင်း သိရပါသည်။

   Webradio