• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်ပြည်ထဲသို့ ဝင်ခွင့်မရရှိမီ ကန်-မက္ကဆီကို နယ်စပ်ဒေသရှိ ရွှေ့ပြောင်း နေထိုင်သူများအား ဝင်ခွင့်မပြုဟု ထေရန့် ဆို

(GMT+08:00) 2018-11-26 12:38:15

အမေရိကန်တရားရုံးသည် အမေရိကန်-မက္ကဆီကို နယ်စပ်ဒေသရှိ ရွှေ့ပြောင်း နေထိုင်သူများ၏ လျှောက်လွှာကို တစ်ခုပြီးတစ်ခု ခွင့်မပြုမီတွင် ၎င်းတို့အား အမေရိကန်ပြည်ထဲသို့ ဝင်ခွင့်မပြုကြောင်း၊ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ယခုလ ၂၄ရက်နေ့ ညနေပိုင်းက လူမှုကွန်ရက်ပေါ်၌ ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

မျက်မှောက်တွင် အမေရိကန် နှင့် မက္ကဆီကို နယ်စပ်ဒေသ၌ ထောင်နှင့်ချီသော အလယ်အမေရိကပြည်သူများသည် စုစည်းကြကြောင်း၊ အမေရိကန်တပ်ဖွဲ့သည် တပ်သား ၅၈၀၀ခန့်ကို ထိုနေရာ၌ ချထားနေကြောင်း သတင်းရရှိပါသည်။

   Webradio