• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပွင့်လင်းစွာ ဖလှယ်မှုဖြင့် သဘောတူညီမှု ရရှိပြီး နိုင်ငံတကာ စိန်ခေါ်မှုများကို ရင်ဆိုင်ကြရန် မျှော်လင့်ဟု အာဂျင်တီးတားဆို

(GMT+08:00) 2018-11-26 10:31:18

        မကြာခင်ရက်များက အာဂျင်တီးနားအစိုးရသည် ဂျီ-၂၀ ခေါင်းဆောင်များ ၁၃ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး၏ အစီအစဉ်များကို တရားဝင် ထုတ်ပြန်ခဲ့သည်။ အာဂျင်တီးနားနိုင်ငံ ဂျီ-၂၀ ရေးရာ ညှိနှိုင်းရေးအရာရှိ ပယ်ဒရို-ဗစ်လာဂရာက ယင်းအစည်းအဝေးသို့ တက်ရောက်ကြသည် ခေါင်းဆောင်များသည် ပွင့်လင်းစွာ ကူးလူးဖလှယ်မှုဖြင့် သဘောတူညီမှု ရရှိပြီး နိုင်ငံတကာ စိန်ခေါ်မှုများကို ရင်ဆိုင်ကြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        ယခုအကြိမ် ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီးဟ်မြို့၌ ကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေး၏ ဆောင်ပုဒ်သည် တရားမျှတမှုနှင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှုအတွက် သဘောတူညီမှု ရရိရေး ဖြစ်သည်။ ဗစ်လာဂရာက  အာဂျင်တီးနားနိုင်ငံသည် ဂျီ-၂၀ အလှည့်ကျ သဘာပတိနိုင်ငံအနေနှင့် နိုင်ငံစုံဝါဒကို ထောက်ခံပြီး ယင်းအစည်းအဝေးသို့ တက်ရောက်ကြသည့် ဘက်အသီးသီးတို့ ကျယ်ပြန့်ပြီး နက်ရှိုင်းသော ကူးလူးဖလှယ်မှုဖြင့် သဘောကွဲလွဲမှုများ ဖယ်ရှားရန် အားသွန်ခွန်စိုက် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio