• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း ပူးတွဲ ကင်းလှည့် စောင့်ကျပ်ခြင်းသည် ဒေသတွင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၏ နမူနာကောင်း ဖြစ်လာ

(GMT+08:00) 2018-11-26 10:27:48

ယခုလ ၂၀ ရက်နေ့ နံနက်ပိုင်းက တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံ မဲခေါင်မြစ် ပူးတွဲ ကင်းလှည့် စောင့်ကျပ်ရေး သင်္ဘော ၈ စင်းသည် တရုတ် နိုင်ငံ ယူနန်ပြည်နယ် ကွမ်းလေ ဆိပ်ကမ်းမှ ထွက်ခွါ ခဲ့ကြောင်း၊ ယင်းသည် အထက်ပါ လေးနိုင်ငံတို့၏ ၇၆ အကြိမ် ပူးတွဲ ကင်းလှည့် စောင့်ကြပ်ရေး ဆောင်ရွက်မှု ဖြစ်ပြီး ဒေသတွင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၏ နမူနာကောင်း ဖြစ်လာပြီ ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယခုနှစ် အောက်တိုဘာလ အထိ၊ လေးနိုင်ငံတို့သည် ပူးတွဲ ကင်းလှည့် စောင့်ကျပ်ရေး ဆောင်ရွက်မှု ၇၅ ကြိမ် တိုင်တိုင် ဆောင်ရွက် ခဲ့ပြီ ဖြစ်ပြီး စောင့်ကျပ်ရေး ဝန်ထမ်း စုစုပေါင်း ၁၁၉၇၃ ဦးနှင့် ကင်းလှည့် သင်္ဘော စင်းရေ ၆၄၀ ကို စေလွှတ်ခဲ့ကြောင်း၊ စုစုပေါင်း ၂၄၄၈ နာရီကြာ၊ ကီလိုမီတာ ၃၉၅၀၀ ကျော် ခုတ်မောင်း ကင်းလှည့်ကာ၊ ရေယာဉ် ၈၀၈ စင်း၊ ကုန်စည် တန်ချိန် ၇ သောင်းကျော်ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

   Webradio