• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗြိတိန်က ဥရောပသမဂ္ဂမှ ထွက်ခွါရေး စာချုပ်ကို ဥရောပသမဂ္ဂ အတည်ပြု

(GMT+08:00) 2018-11-26 09:56:51

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်တို့သည် ယခုလ ၂၅ ရက်နေ့က ဘရပ်ဆဲမြို့၌ ကျင်းပသော ဥရောပသမဂ္ဂ အထူး ထိပ်သီး အစည်းအဝေးတွင် ယင်းမတိုင်မီက ဗြိတိန်နှင့် ရရှိသော ဥရောပသမဂ္ဂမှ ထွက်ခွါရေး သဘောတူစာချုပ်ကို တရားဝင် အတည်ပြုခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယင်းနေ့၌ ဗြိတိန်မှလွဲ၍ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံမှ ခေါင်းဆောင်တို့သည် အထက်ပါ ထိပ်သီး အစည်းအဝေးတွင် ဗြိတိန်က ဥရောပသမဂ္ဂမှ ထွက်ခွါရေး စာချုပ်ကို စိစစ်ပြီး မဲပေး ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့နောက် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ဥရောပကောင်စီ ဥက္ကဋ္ဌ တူစ်က်က ဥရောပသမဂ္ဂ၏ ယင်းဆုံးဖြတ်ချက်ကို ကြေညာ ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

ယင်းစာချုပ်အရ၊ ဗြိတိန်သည် ဥရောပသမဂ္ဂအား ပေါင်ငွေ ၃၉ ဘီလီယံ ဖြစ်သည့် "ထွက်ခွါရေးစရိတ်"ကို ပေးဆောင်ရမည် ဖြစ်ပြီး၊ လာမည့် မတ်လတွင် ဗြိတိန်က ဥရောပသမဂ္ဂမှ တရားဝင် ထွက်ခွါပြီးနောက် ၂၁ လကြာ ကြားဖြတ်ကာလလည်း ထားရှိမည် ဖြစ်ကြောင်း သိရပါသည်။

ယင်းစာချုပ်ကို ဗြိတိန် လွှတ်တော်နှင့် ဥရောပသမဂ္ဂမှ အခြားအဖွဲ့ဝင်နိုင်ငံများ သီးသန့် မဲပေး ဆုံးဖြတ်ပြီးမှ အာဏာတည်နိုင်မည် ဖြစ်ကြောင်း သိရပါသည်။

   Webradio