• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ဂျီးရီးယား တပ်ဖွဲ့က ပိုကိုဟာရမ် အဖွဲ့မှ တိုက်ခိုက်မှု ခံရခြင်းနှင့် ပတ်သက်ပြီး နိုင်ဂျီးရီးယား သမ္မတ ပြောဆို

(GMT+08:00) 2018-11-26 08:43:15

နိုင်ဂျီးရီးယား တပ်ဖွဲ့က အစွန်းရောက် ပိုကိုဟာရမ် အဖွဲ့မှ တိုက်ခိုက်မှု ခံရသဖြင့် သေကြေ ဒဏ်ရာရရှိမှု ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ခြင်းကိစ္စနှင့် ပတ်သက်ပြီး၊ ဒေသစံတော်ချိန် ယခုလ ၂၄ ရက်နေ့က နိုင်ဂျီးရီးယား သမ္မတ ပူဟာရီက၊ မိမိတို့သည် အကြမ်းဖက်မှုကို တစ်ဆင့်တိုး တိုက်ဖျက်သွားမည် ဖြစ်ကြောင်း၊ စစ်မှုထမ်းနှင့် နိုင်ငံသားများ၏ လုံခြုံမှုကို ထိန်းသိမ်းကာကွယ်ရန် ဆက်လက် ကြိုးပမ်းမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ယခုလ ၁၈ ရက်နေ့က နိုင်ဂျီးရီးယား တပ်ဖွဲ့၏ အရှေ့မြောက်ပိုင်းရှိ ချာ့ဒ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်ရာ စစ်စခန်း တစ်ခုသည် ပိုကိုဟာရမ် လက်နက်ကိုင်များမှ ထိုးစစ်ဆင်တိုက်ခိုက်မှု ခံခဲ့ရသဖြင့် စစ်မှုထမ်း ၄၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio