|
||||||||
|
|||||||||||||
ယခုလ ၂၃ ရက်နေ့က တရုတ်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာပညာရေးဝန်ကြီးဌာနတို့သည် ရန်ကုန်မြို့၌ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပထမအကြိမ်တရုတ်- မြန်မာပူးတွဲကော်မတီအစည်းအဝေးကို ကျင်းပခဲ့ရာ နှစ်ဖက်တို့သည်
၃ နှစ်ကြာတည်ထောင်ခဲ့သော တရုတ်-မြန်မာရေဒါနှင့် ဂြိုလ်တုဆက်သွယ်ရေးနည်းပညာဆိုင်ရာ အမျိုးသားအဆင့်ပူးတွဲသုတေသနဓာတ်ခွဲခန်းကို ဖွင့်လှစ်သည်ဟု အတူကြေညာခဲ့ကြောင်း၊ ယင်းသည် တရုတ်-မြန်မာနှစ်နိုင်ငံ သိပ္ပံနှင့်နည်း ပညာပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်သို့ တက်လှမ်းခဲ့သည်ဟု ပြဆိုကြောင်း စီအာအိုင် သတင်းအရသိရသည်။
|