• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် ကယ်ရီဖိုးနီးယား တောင်မီးလောင်ကျွမ်းမှုတွင် လူ ၈၄ ဦးထက်မနည်း သေဆုံး

(GMT+08:00) 2018-11-24 10:32:53

အမေရိကန် ကယ်ရီဖိုးနီးယားပြည်နယ် မီးသတ်ရေးဌာနက၊ ယခုလ ၈ ရက်နေ့က ကယ်ရီဖိုးနီးယား ပြည်နယ် မြောက်ပိုင်း တောင်တန်းဒေသ၌ ဖြစ်ပွါးသော မီးလောင်ကျွမ်းမှုတွင် လူ ၈၄ ဦးထက်မနည်း သေဆုံးပြီး အဆောက်အဦး ၁ သောင်း ၈ ထောင်ကျော် ပျက်စီးခဲ့ကြောင်း၊ မျက်မှောက်အချိန်တွင် အခြေခံအားဖြင့် မီးငြိမ်သွားပြီ ဖြစ်ကြောင်း ယခုလ ၂၃ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ကယ်ရီဖိုးနီးယား မီးသတ်ဌာနမှ နောက်ဆုံး ထုတ်ပြန်သော စာရင်းအရ၊ ယခုအကြိမ် တောင်မီးလောင်ကျွမ်းမှု အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၆၂၀ ကျော် ရှိကြောင်း သိရပါသည်။

   Webradio