• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှား-ဂျပန်ငြိမ်းချမ်းရေးသဘောတူစာချုပ်ဆိုင်ရာဆွေးနွေးပွဲသည် နှစ်ဖက်အကျိုးစီးပွားကို မထိခိုက်သင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00) 2018-11-23 15:09:48

    ရုရှား-ဂျပန်ငြိမ်းချမ်းရေးသဘောတူစာချုပ်ဆိုင်ရာဆွေးနွေးပွဲသည် နှစ်ဖက်တို့၏ အကျိုးစီးပွားကို မထိခိုက်သင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဇာဟာရိုဗါက ယမန်နေ့ ၂၂ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ဇာဟာရိုဗါက ရုရှားသမ္မတပူတင်နှင့် ဂျပန်ဝန်ကြီးချုပ်ရှင်ဇီုအာဘေးတို့သည် ယခုလ ၁၄ ရက်နေ့က စင်္ကာပူနိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဖက်တို့က ၁၉၅၆ခုနှစ် ဆိုဗီယက်- ဂျပန် ပူးတွဲကြေညာချက်ကို အခြခံပြီး ငြိမ်းချမ်းရေးသဘောတူစာချုပ်ဆွေးနွေးရေး ဖြစ်စဉ်ကို ပိုမိုလျင်မြန်စေရန် သဘောတူကြကြောင်း၊ သို့သော် ယင်း ငြိမ်းချမ်းရေး သဘောတူစာချုပ်ချုပ်ဆိုခြင်းနှင့်ပတ်သက်၍ အသေးစိတ်ကန့်သတ်ရက်ကို မသတ်မှတ် သောကြောင့် နှစ်ဖက်တို့သည် နှစ်လကြာရှည်ပြီး ရှုပ်ထွေးသော ဆွေးနွေးခြင်း ဆက်လက်ပြုလုပ်သွားကြမည့်အပြင် မည်သည့် ရလဒ်ကိုရရှိမည်မဆို သက်ဆိုင်ရာ နိုင်ငံအသီးသီးတို့၏ နိုင်ငံတော်အကျိုးစီးပွားကိုလည်း မထိခိုက်သင့်ကြောင်း ပြောကြားပါသည်။

 

   Webradio