• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒုတိယအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ နိုင်ငံရေးပါတီ ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00) 2018-11-23 14:23:34

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီးဌာနမှ ဦးစီး ကျင်းပသော ဒုတိယအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ နိုင်ငံရေးပါတီ ဆွေးနွေးပွဲကို ယခုလ ၂၂ရက်နေ့က တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟောင်ကျိုးမြို့၌ ကျင်းပခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

ယခုအကြိမ် အစည်းအဝေး၏ဆောင်ပုဒ်မှာ "ပိုမိုသာယာသော ကမ္ဘာ့ကို လက်တွဲ ထူထောင်ကြစို့" ဖြစ်ပါသည်။ နိုင်ငံရေးပါတီသည် နိုင်ငံအသီးသီးတို့ မူဝါဒပေါ်လစီ ချမှတ်ရန် မြစ်ဖျားခံရာ၊ ပြည်သူ့ဆန္ဒ၏ ကိုယ်စားပြုသူ နှင့် အာဘော်ပိုင်းဆိုင်ရာဦးဆောင်သူ ဖြစ်ကြောင်း၊ တရုတ် နှင့် အာရပ်နိုင်ငံများသည် သဘောတူညီမှုများကို ရှာကြံပြီး သဘော ကွဲလွဲမှုများကို ဖယ်ရှားကာ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် နည်းယူလေ့လာမှု ရှိသော တရုတ်-အာရပ်နိုင်ငံများ နိုင်ငံရေးပါတီဆက်ဆံရေးသစ်ကို လက်တွဲထူထောင်လို ကြောင်း ယင်းအစည်းအဝေး၌ အတည်ပြုခဲ့သော "တရုတ်-အာရပ်နိုင်ငံများ နိုင်ငံရေးပါတီ ဆွေးနွေးပွဲ ၂၀၁၈ခုနှစ် ဟောင်ကျိုး ကြေညာချက်"တွင် ဖော်ပြထား သည်ဟု သတင်းရရှိပါသည်။

   Webradio