• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ်တွင် ကင်ညာလူမျိုး ၆၀၀ ကျော်တို့သည် တရုတ်သို့မွမ်းမံသင်တန်း တက်ကြသည်

(GMT+08:00) 2018-11-22 14:42:54

ကင်ညာနိုင်ငံဆိုင်ရာတရုတ်သံရုံးစီးပွါးကုန်သွယ်ရေးရုံးမှသတင်းအရ တရုတ်နိုင်ငံ၏ နိုင်ငံခြားအားကူညီလေ့ကျင့်ပျိုးထောင်မှုလုပ်ငန်းကို ကင်ညာတွင် ချောမောစွာ ဆောင်ရွက်နေကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ကင်ညာလူမျိုးစုစုပေါင်း ၆၈၆ ဦးသည် တရုတ်နိုင်ငံသို့ လေ့ကျင့်မွမ်းမံသင်တန်း တက်ကြပြီး ယမန်နှစ်ကထက် ၂၂ ရာခိုင်နှုန်း တိုးများလာကြောင်း၊ ယင်းအနက် ၆၁ ဦးသည် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ စကောလားရှစ်ရရှိခဲ့ပြီး ချင်းဟွာတက္ကသိုလ်၊ ထုံဂျိတက္ကသိုလ်သို့ဝင်ခွင့်ရကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

ကင်ညာနိုင်ငံဆိုင်ရာတရုတ်သံရုံးစီးပွါးကုန်သွယ်ရေးသံမှူးကောချိက စာရင်းအရ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တရုတ်လုပ်ငန်းကုမ္ပဏီများသည်ကင်ညာအတွက် စီမံအုပ်ချုပ်ရေးဝန်ထမ်း၊ နည်းပညာတတ်လုပ်သား၊ ဆရာဝန်၊ ကျောင်းဆရာနှင့် အခြားနယ်ပယ်တွင် ဝန်ထမ်းများကို လေ့ကျင့်ပျိုးထောင်ပေးပြီး အလုပ်အကိုင်နေရာ ၆ သောင်းကျော်ဖန်တီးပေခဲ့ကြောင်းပြောကြား ခဲ့သည်။

   Webradio