• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကချင်ပြည်နယ်အစိုးရအား တရုတ်သံရုံးက အစားအစာများနှင့် ဆေးဝါးများလှူဒါန်း

(GMT+08:00) 2018-11-22 11:21:52

     ယခုလ ၂၀ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည်၊ ကချင်ပြည်နယ်  မြစ်ကြီးနားပတ်ဝန်းကျင်ဒေသများတွင် စစ်ဘေးရှောင်နေရပ်စွန့်ခွာသူများ အား ဆန်၊ စားသုံးဆီ၊ ဆေးဝါးနှင့်  ဂွမ်းစောင်အပါအဝင် စားသုံးပစ္စည်များကိုလှူဒါန်းပေးခဲ့ကြောင်း စီအာအိုင် က ဖော်ပြသည်။

ထိုနေ့နံနက်ပိုင်းက ကချင်ပြည်နယ်အစိုးရသည်၊ မြစ်ကြီးနားတွင် လူသားချင်းစာနာ ထောက်ထားမှုပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည်၊ မြစ်ကြီးနားပတ်ဝန်းကျင်ဒေသရှိ မြို့နယ်၃ ခုမှ စစ်ဘေးရှောင် နေရပ်စွန့်ခွာသူများအား တရုတ်ယွမ်ငွေ ၇ သိန်း ၅သောင်း တန်ဖိုးရှိသော ဆန်၊ စားသုံးဆီ၊ ဆေးဝါးနှင့်  ဂွမ်းစောင်အပါအဝင် စားသုံးပစ္စည်များကို လှူဒါန်းပေးခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio