• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်အနေနှင့်၊ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးဖြစ်စဉ်အတွက် တက်ကြွသော ကျားကန်ပေးသူဖြစ်လိုကြောင်း တရုတ် အထူးသံတမန် ဆို

(GMT+08:00) 2018-11-22 11:21:06

ပါလက်စတိုင်းနိုင်ငံတွင် ခရီးလှည့်လည်နေသော တရုတ်နိုင်ငံ၏ အရှေ့အလယ်ပိုင်း ဒေသပြဿနာဆိုင်ရာ အထူးသံတမန် ဂုံးရှောက်စိန်းက၊ တရုတ်ပြည် အနေနှင့်၊ အရှေ့ အလယ်ပိုင်းငြိမ်းချမ်းရေးပြဿနာတွင် ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ပြီး၊ ငြိမ်းချမ်းမှုထိန်းသမ်းရေးအတွက် ကျားကန်ပေးသူဖြစ်လို ကြောင်း ယခုလ ၂၁ ရက်နေ့က ရာမာလာမြို့တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ဂုံးရှောက်စိန်းသည်၊ ယခလု ၂၀ ရက်နေ့က ပါလက်စတိုင်းသမ္မတ အာဘတ်စ်နှင့် တွေ့ဆုံခဲ့ပြီး၊ ၂၁ ရက်နေ့က ပါလက်စတိုင်းအမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု ဗဟိုကော်မတီဝင်၊ တရုတ်နှင့် ဆက်ဆံမှုရေးရာ commissioner အာဘတ်စ် ဇာကီနှင့် တွေ့ဆုံခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio