• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်း ဒီဂျီတယ် ဆိုက်ရောက်ဗီဇာ ထုတ်ပေး

(GMT+08:00) 2018-11-22 10:08:00

        ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာန ဌာနမှူးက ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနသည် တရုတ်အပါအဝင် နိုင်ငံနှင့်ဒေသ ၂၁ ခုမှ ခရီးသည်များအား ဒီဂျီတယ် ဆိုက်ရောက်ဗီဇာကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ ယင်းသည် ထိုင်းလေဆိပ်၌ ခရီးသည်များအား ဆိုက်ရောက်ဗီဇာ ပိုမို လျင်မြန်စွာ ထုတ်ပေးနိုင်ပြီး ခရီးသည်များ ပိုမို အဆင်ပြေအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ယခုလ ၂၁ ရက်နေ့က ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ယခုလ ၁၅ ရက်နေ့မှစပြီး www.evisathailand.com ဝက်ဘ်ဆိုက်တွင် ဒီဂျီတယ် ဆိုက်ရောက်ဗီဇာ လျှောက်လွှာ တင်ပြီး အွန်လိုင်းမှာ ဖောင်များဖြည့်ကာ ဗီဇာနှင့် ဝန်ဆောင်မှုခများကို ပေးဆောင်နိုင်ကြောင်း၊ ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနမှ အွန်လိုင်းမှာ စစ်ဆေး အတည်ပြုပြီးနောက် ထုတ်ပေးသော အကြောင်းကြားစာ ရရှိပြီးနောက် ခရီးသည်များသည် ပါစပို့ဖြင့်သာ ဒီဂျီတယ် ဆိုက်ရောက်ဗီဇာ အပေါက်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ လျင်မြန်စွာ ဝင်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio