• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဖိလစ်ပိုင် ပင်လယ် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု ဘက်စုံ တွန်းအား ပေးရန် မျှော်လင့်သည်ဟု တရုတ် ဆို

(GMT+08:00) 2018-11-22 09:15:53

တရုတ်နှင့် ဖိလစ်ပိုင် ထိပ်သီးခေါင်းဆောင်တို့ ရှေ့မှောက်၌ တရုတ်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံတို့သည် အစိုးရချင်း ရေနံနှင့် သဘာဝဓါတ်ငွေ့ ဖေါ်ထုတ်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာကို ယခုလ ၂၀ ရက်နေ့က ချုပ်ဆိုခဲ့ပါသည်။

ယင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ ယင်းသည် နှစ်ဖက်တို့က ရေနံနှင့် သဘာဝဓါတ်ငွေ့ စူးစမ်းရှာဖွေရေးနှင့် ဖေါ်ထုတ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် ခြေလှမ်းသစ် လှမ်းလိုက်ခြင်းကို ပြသ နေကြောင်း၊ ပင်လယ်ရေးရာ နယ်ပယ်များ၌ နှစ်ဖက်အကြား လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံ တွန်းအားပေးနိုင်ရန်၊ အခြား တောင်ပင်လယ် ကမ်းရိုးတန်း နိုင်ငံအသီးသီးတို့နှင့် ယင်းကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ကူးလူးဖလှယ်မှု ဆက်လက် တွန်းအားပေးနိုင်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ၂၁ ရက်နေ့က ကျင်းပသော နိုင်ငံခြားရေး ဝန်ကြီးဌာန ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio