• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ အာရှ ပစိဖိတ် ခရီးစဉ်သည် အတူဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ် ဖွင့်လှစ်သည်ဟု ဝမ်ယိ ဆို

(GMT+08:00) 2018-11-22 09:04:01

ယခုလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အေပက်အဖွဲ့ ၂၆ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ် သဘော အစည်းအဝေးသို့ တက်ရောက်ပြီး၊ ပါပူဝါနယူးဂီနီ နိုင်ငံ၊ ဘရူနိုင်း နိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံများ၌ တရားဝင် ခရီးလှည့်လည်ကာ၊ တရုတ်နှင့် သံအဆက်အသွယ် ထားရှိသော ပစိဖိတ် ကျွန်းနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲလည်း ပြုလုပ်ခဲ့ပါသည်။

တရုတ် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်တွင် ကံကြမ္မာ အသိုက်အဝန်း အဆိုပြုချက်ကို တင်ပြပြီး၊ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာစေပါကြောင်း၊ Belt and Road တည်ဆောက်ရေးကို တွန်းအားပေးပြီး နိုင်စုံဝါဒ ကျင့်သုံးရေးဆိုင်ရာ ယုံကြည်စိတ် တိုးလာ စေကာ၊ အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမို ကျယ့်ပြန်သော သဘောတူညီမှုများကို စုစည်းလာစေပါကြောင်း ပြောကြားပါသည်။

၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရှီကျင့်ဖိန်သည် ပထမဆုံးအကြိမ်အဖြစ် ပစိဖိတ် ကျွန်းနိုင်ငံ၌ ကျင်းပသော အေပက်အဖွဲ့ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ ယင်းနှင့် ပတ်သက်ပြီး ဝမ်ယိက၊ ပီကင်း အေပက် အစည်းအဝေး အပါအဝင် လွန်ခဲ့သည့်နှစ်များအတွင်း ကျင်းပသော အစည်းအဝေးများမှ ရရှိသည့် သဘောတူညီမှုများ အခြေခံပေါ်၌၊ ယခုအကြိမ် အစည်းအဝေးတွင်၊ အပြန်အလှန် ဆက်သွယ်မှု တွန်းအားပေးရေး၊ ဒီဂျီတယ် စီးပွါးရေး တိုးတက်မှု၊ သက်ညှာ ထောက်ထားစွာ တိုးတက်မှု ဖေါ်ဆောင်ရေး၊ ၂၀၂၀ ပြည့်နှစ် နောက်ပိုင်း ပူးပေါင်း ဆောင်ရွက်ရန် မျှော်မှန်းချက်များ ရေးဆွဲချမှတ်ရေး စသည့် နယ်ပယ်များတွင် တိုးတက်မှုသစ်များကို ရရှိခဲ့ကြောင်း ပြောကြားပါသည်။

   Webradio